Main menu

Background

ပို့ကုန်ကျဆင်းမှုနှင့် တောင်ကိုရီးယားနိုင်ငံ ရင်ဆိုင်နေရ

Wed, 05/10/2023 - 16:39 -- journal_editor

တောင်ကိုရီးယားနိုင်ငံသည်  ယခု ၂၀၂၃ ခုနှစ်တွင် ပြည်ပပို့ကုန် ကျဆင်းမှုနှင့် ရင်ဆိုင်နေရကြောင်း သနခ.တသမိူ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ တောင်ကိုရီးယား နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလက ပြည်ပပို့ကုန် ၁၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် က ပြည်ပပို့ကုန် တင်ပို့မှု အားကောင်းခဲ့သော်လည်း ယခု ၂၀၂၃ ခုနှစ်ထဲသို့ ရောက်ရှိလာချိန်တွင် ပြည်ပပို့ကုန် တင်ပို့မှု သိသိသာသာ ကျဆင်းလာခဲ့ရသည်။ တောင်ကိုရီးယားနိုင်ငံ ၏ ပြည်ပပို့ကုန်အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ၁၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလတွင် ၇ ဒသမ ၅ ရာခိုင် နှုန်း၊ မတ်လတွင် ၁၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် ဧပြီလတွင် ၁၄ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ရခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် ဧပြီလတွင် ၁၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ပို့ကုန်တင်ပို့မှု ကျဆင်းခဲ့ရခြင်းကြောင့် ယင်း အတွက် အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၆ ဘီလီယံ နစ်နာ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
တောင်ကိုရီးယားနိုင်ငံအနေဖြင့် ချစ်ပ်ပြားများ တင်ပို့ ရောင်းချမှုတွင် ၄၁ရာခိုင်နှုန်း၊ ရေနံတင်ပို့မှုတွင် ၂၇ ဒသမ ၃ ရာခိုင်နှုန်း၊  ရေနံဓာတုပစ္စည်း တင်ပို့မှုတွင်  ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ စတီးလ်ထုတ်ကုန် တင်ပို့မှုတွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်းစသည်ဖြင့် အသီးသီး ရောင်းအား ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။  တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၎င်း၏နောက်တွင် အာဆီယံ၊ ဂျပန်နိုင်ငံ၊ ဥရောပနှင့်  အမေရိကန်ပြည်ထောင်စုတို့ ရှိနေသည်။                                                 

Source; oec.world