Main menu

Background

အစ္စရေးတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား သုံးစွဲမှုများပြား

Tue, 05/23/2023 - 14:51 -- journal_editor

အစ္စရေးနိုင်ငံသည် လျှပ်စစ်မော် တော်ကား သုံးစွဲမှုကို တွင်တွင်ကျယ် ကျယ် အသုံးပြုလျက်ရှိရာ ယခု ၂၀၂၃ ခုနှစ် ပထမလေးလအတွင်း တရုတ် နိုင်ငံထုတ် လျှပ်စစ်မော်တော်ကားများ က ဈေးကွက်အား လွှမ်းမိုးထားလျက်ရှိ နေကြောင်း အစ္စရေး မော်တော်ကားတင်သွင်းသူများအသင်း ( Israel Vehicle Importers Association ၏ ထုတ်ပြန် ချက်အရ သိရသည်။
အစ္စရေးနိုင်ငံတွင် ခရီးသည်တင် ဘတ်စ်ကားများကို  လျှပ်စစ်ကားများ ဖြင့် အစားထိုး ပြေးဆွဲနေရာ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ခရီးသည် တင် လျှပ်စစ်ကား တင်သွင်းမှု၏ ၆၆ ရာခိုင်နှုန်းသည်   တရုတ်နိုင်ငံမှ ဖြစ် ကြောင်း  english.news.cn သတင်း တွင် ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံမှ အဓိက လျှပ်စစ် ကားထုတ်လုပ်သူBYD(Build Your Dreams)) သည် အစ္စရေးနိုင်ငံတွင် အသုံးပြုနေသည့်  ထိပ်တန်းလျှပ်စစ် ကား  အမှတ်တံဆိပ်အဖြစ် ရပ်တည် လျက်ရှိပြီး အဓိကအားဖြင့် ှ့ဠ ဗအအသ ၃ ကားများဖြစ်ကြောင်း သိရသည်။ 
အစ္စရေး  မော်တော်ကား တင် သွင်းသူများအသင်း (Israel Vehicle Importers Association) က ထုတ်ပြန် သော နောက်ဆုံး ကိန်းဂဏန်းများအရ တရုတ်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလ တွင် အစ္စရေးနိုင်ငံ၏  အကြီးဆုံး လူစီး မော်တော်ကား တင်သွင်းသူအဖြစ်သို့ ခုန်တက်သွားပြီး တစ်လအတွင်း ၇၇၅၃ စီး ရောင်းချခဲ့ရကာ ယမန်နှစ်ကထက် ၆၈၅ စီး ပိုမိုရောင်းချခဲ့ရသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလမှ စတင်၍  အစ္စရေးနိုင်ငံတွင်  စတင် ရောင်းချခဲ့သည့်  တရုတ်နိုင်ငံBYD Auto က ထုတ်လုပ်သည့် လျှပ်စစ်မော် ဒယ်လ် Atto 3  သည် ယခုအခါ နိုင်ငံ အတွင်း အရောင်းရဆုံး လျှပ်စစ်ကား ဖြစ်လာခဲ့သည်။
အစ္စရေး   ကျွမ်းကျင်သူများနှင့် မော်တော်ကား   တင်သွင်းသူများ၏ ပြောကြားချက်အရ  အဆင့်မြင့်နည်း ပညာများ၊ ဒီဇိုင်းဆန်းသစ်မှုနှင့် ပိုမို ကောင်းမွန်သော  ဖွဲ့စည်းမှုပုံစံများ သည်  အစ္စရေးဈေးကွက်တွင်  တရုတ် လျှပ်စစ်ကားများ   အောင်မြင်မှု၏ အဓိကအကြောင်းရင်း သုံးခုဖြစ်သည် ဟုဆိုသည်။
လှပသေသပ်မှု၊  လောင်စာဆီ ဆဲလ်ယာဉ်များ၊ ပါဝါဘက်ထရီများနှင့် တတိယမျိုးဆက်  တစ်ပိုင်းလျှပ်ကူး ကိရိယာများကဲ့သို့သော   အဓိကနည်း ပညာများတွင်     တရုတ်နိုင်ငံသည် ဥရောပနှင့် အမေရိကန်တို့ထက် သာ လွန်သည်ဟု Geely Israel ၏ အထွေ ထွေမန်နေဂျာRonen Yablon က ပြော သည်။
အနာဂတ်မှာ တရုတ်မော်တော် ကားအမှတ်တံဆိပ်တွေဟာ ကမ္ဘာလုံး ဆိုင်ရာ  မော်တော်ကားစင်မြင့်မှာ ပိုမို အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင် လာပြီး  ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင် နိုင်ပါလိမ့်မယ်ဟု  Geely Israel၏ အထွေထွေမန်နေဂျာ  Ronen Yablonက ဆက်လက်သုံးသပ်ခဲ့သည်။

Source; english.news.cn, Xinhua

စိုင်းဗညား