Main menu

Background

လာမည့်ငါးနှစ်အတွင်း စင်ကာပူ၏ ကော်ဖီရောင်းအား ဆက်လက်မြင့်တက်နေမည်

Tue, 05/23/2023 - 14:57 -- journal_editor

အာရှတွင်းနိုင်ငံများတွင် စင်ကာပူနိုင်ငံသည် ကော်ဖီသောက် သုံးမှု မြင့်တက်နေသကဲ့သို့ ကော်ဖီထုတ်လုပ်မှု တွင်ကျယ်လျက်ရှိသည်။ ထို့ပြင် စင်ကာပူနိုင်ငံထွက် ကော်ဖီများကိုလည်း ပြည်ပနိုင်ငံများက ကြိုက်နှစ်သက်ကြကာ တင်ပို့ရောင်းချမှု  မြင့်တက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင်  စင်ကာပူနိုင်ငံ၏ ကော်ဖီရောင်းအားမှာ မြင့်တက်လျက်ရှိခြင်းနှင့်အတူ လာမည့် ငါးနှစ်အတွင်း၌လည်း ကော်ဖီ ရောင်းအား ဆက်လက်မြင့်တက်နေဦးမည်ဟုGl obal Data  က ဖော်ပြ ထားသည်။
၂၀၂၂ ခုနှစ်မှ  ၂၀၂၇ ခုနှစ်အတွင်း စင်ကာပူနိုင်ငံ၏ ကော်ဖီ ဈေးကွက်ရောင်းချမှုသည် ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာရန် မျှော်လင့်ထားသည်ဟု ဆိုသည်။
စင်ကာပူနိုင်ငံတွင် ကိုပီ(kopi)၊ အနောက်တိုင်းစတိုင် လတ်တေး lattes)တို့အပြflat whites  နှင့်cold brew  ကဲ့သို့သော ကော်ဖီများ ကိုလည်း လူကြိုက်များလာသည်။ စင်ကာပူနိုင်ငံတွင် ၂၀၂၂ ခုနှစ်၌ တစ်ဦးချင်း ကော်ဖီသောက်သုံးမှုမှာ ၁၂၂ ဒသမ ၇ လီတာဖြစ်ပြီး ကော်ဖီသည် စင်ကာပူနိုင်ငံသားများအတွက် အဓိက အချက်အလက် တစ်ခုဖြစ်လာသည်။ ထို့ကြောင့် စင်ကာပူနိုင်ငံတွင် ပြည်တွင်း ကော်ဖီ သောက်သုံးမှု တစ်နှစ်ထက်တစ်နှင့် မြင့်တက်လာသလို ပြည်ပဈေး ကွက်လည်း ချဲ့ထွင်လျက်ရှိသည်။
Source; asianbusinessreview.com

စိုင်းဗညား