Main menu

Background

စမတ်ကား ဉာဏ်ရည်တုနည်းပညာအတွက်MediaTekနှင့်Nvidia တို့ ပူးပေါင်း

Mon, 06/05/2023 - 14:40 -- journal_editor

 ထိုင်ဝမ်အခြေစိုက်Media Tek  ကုမ္ပဏီနှင့် အမေရိကန်အခြေစိုက် Nvidia ကုမ္ပဏီတို့သည် စမတ်ကား ဉာဏ်ရည်တုနည်းပညာ(AI)အတွက် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း corp.mediatek.comတွင် ဖော်ပြထား သည်။
အဆိုပါ အီလက်ထရွန်နစ်ကုမ္ပဏီကြီးနှစ်ခုသည် စမတ်ကားများအတွင်း ဉာဏ်ရည်တု(AI) နည်းပညာများကို ထည့်သွင်းဖြေရှင်းရေးအတွက် ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ဉာဏ်ရည်တု (AI) နည်းပညာနှင့် မောင်းနှင် သည့် မောင်းသူမဲ့ကားများတွင် နည်းပညာအခက် အခဲများကို ဖြေရှင်းနိုင်ရေးအတွက် အီလက်ထရွန် နစ်ကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။
Media Tek နှင့် Nvidia တို့တွင် စမတ်ကား များအတွက်  ပြီးပြည့်စုံသည့် ဉာဏ်ရည်တု (AI) နည်းပညာများ ရှိနှင့်ပြီးဖြစ်သည်။ အဆိုပါ ကုမ္ပဏီ ကြီးနှစ်ခုစလုံးသည် Óဏ်ရည်တု (ဗှု) နည်းပညာ နယ်ပယ်၌ ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း လုပ်ဆောင်ထားပြီး မောင်းသူမဲ့ကားများ၏ နည်း ပညာအခက်အခဲများကိုလည်း ဖြေရှင်းပေးလျက်ရှိ သည်။
Media Tek နှင့် Nvidia တို့ ပေါင်းစပ်မှုသည် မောင်းသူမဲ့ကားများ၏ ဉာဏ်ရည်တု (AI) နည်း ပညာ အနာဂတ်အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်ပြီး   မောင်းသူမဲ့ကားများကို  မြင့်မားသည့် အဆင့်တစ်ခုသို့ တက်လှမ်းစေနိုင်ဖွယ်ရှိနေကြောင်း သိရသည်။      

   Source; corp.mediatek.com

စိုင်းဗညား