Main menu

Background

တရုတ်နိုင်ငံ၏ EV ထုတ်လုပ်မှု အရှေ့တောင်အာရှဈေးကွက်ကို ဦးဆောင်နေ

Mon, 06/05/2023 - 14:48 -- journal_editor

တရုတ်နိုင်ငံ၏       ထိပ်တန်း လျှပ်စစ် မော်တော်ကားထုတ်လုပ်သူ  BYD ကုမ္ပဏီသည် အရှေ့တောင်အာရှ ၏ နဠ  မော်တော်ကား ဈေးကွက်ကို တစ်နေ့တခြား   စိုးမိုးဦးဆောင်လျက် ရှိကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။
တရုတ်နိုင်ငံ    မော်တော်ကား ထုတ်လုပ်သူ ြီ့ အနေဖြင့် ဂျပန်ပြိုင် ဘက်များကို   နောက်ကောက်ချပြီး အရှေ့တောင်အာရှ    ဈေးကွက်ကို ဦးဆောင်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင်BYD ကုမ္ပဏီသည်   ထိုင်းနိုင်ငံတွင် လည်း ၎င်း၏  ပထမဦးဆုံးသော EV ထုတ်လုပ်မှုစက်ရုံကို တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း  မကြာသေးမီက ကြေညာခဲ့သည်။ 
ယင်းအပြင်   တရုတ်နိုင်ငံ မော် တော်ကားထုတ်လုပ်သူBYD သည် ဖိလစ်ပိုင်နိုင်ငံ၊   ဗီယက်နမ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း   EV  ထုတ်လုပ်မှုစက်ရုံကို တည်ဆောက်ရန် အခွင့်အလမ်းများကို    ရှာဖွေလျက်ရှိ ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြ ထားသည်။
တရုတ်နိုင်ငံ၏BYD သည် အရှေ့တောင်အာရှရှိ   အထင်ကရ ဂျပန်နိုင်ငံ မော်တော်ကားထုတ်လုပ်သူ အား ၎င်း၏ လျှပ်စစ်မော်တော်ကားများ (EV ) ဖြင့် စိန်ခေါ်နေသည်။Bangkok International   Motor   Show    တွင်BYD သည် EV များ၏ ဆီစားသက်သာ မှုနှင့် ၎င်းတို့၏ ယုံကြည်စိတ်ချရမှုကို ကိုးကား၍   လာရောက်ကြည့်ရှုသူ အများအပြားဖြင့် ဦးဆောင်လျက်ရှိနေ သည်။
BYD သည် အရှေ့တောင်အာရှ တွင် ၎င်း၏ ထုတ်ကုန်လိုင်းကို တိုးချဲ့ ရန်စီစဉ်နေပြီး ၂၀၂၄ ခုနှစ်တွင် ကား အစီးရေ ၁၅၀ဝ၀ဝ ထုတ်လုပ်ရန် ရည် ရွယ်ထားကာ  ထိုင်းနိုင်ငံတွင် ၎င်း၏ ပထမဆုံး   ပြည်ပကုန်ထုတ်စက်ရုံကို တည်ဆောက်နေသည်။ သို့သော်လည်း ကုမ္ပဏီအနေဖြင့် ထုတ်ကုန်ရွေးချယ်မှု နှင့် ရောင်းချပြီးနောက် ဝန်ဆောင်မှု ဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရ သည်။ 
BYD သည် ထိုင်းနိုင်ငံရှိ အစိုးရ နှင့်   ပုဂ္ဂလိက  ကဏ္ဍများမှ ၎င်း၏ လျှပ်စစ်ဘတ်စ်ကားများအတွက် အမှာ စာအများအပြားကို ရရှိထားသည်။  BYD ကထုတ်လုပ်သည့် လျှပ်စစ်ဘတ်စ် ကားများသည် လောင်စာဆီ ကုန်ကျ စရိတ်၏ ၆၀ ရာခိုင်နှုန်းအထိ သက်သာ စေပြီး ဒီဇယ်ဘတ်စ်ကားများနှင့် နှိုင်း ယှဉ်ပါက   ကာဗွန်ထုတ်လွှတ်မှုကို ၈၀ ရာခိုင်နှုန်းအထိ  လျှော့ချနိုင်သည်ဟု ဆိုသည်။              

 Source; Xinhua

စိုင်းဗညား