Main menu

Background

အလုပ်များအား နည်းပညာဖြင့် အစားထိုးလာမည်ကို အလုပ်သမားအများစု စိုးရိမ်နေ

Mon, 06/05/2023 - 14:50 -- journal_editor

ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေ ကြသည့် လုပ်သားများအနေဖြင့် မိမိတို့၏ လူသားများနေရာတွင် နည်းပညာများအား အစားထိုးပြုလုပ်လာကြမည်ကို အလုပ်သမား ၁၀ ဦးတွင် ခုနစ်ဦးက စိုးရိမ်လျက်ရှိနေကြကြောင်း စစ်တမ်းများ အရ သိရသည်။ 
ထိုကဲ့သို့ လုပ်သားများက စိုးရိမ်နေချိန်တွင် နာမည်ကြီး ကုမ္ပဏီအများစုက ၎င်းတို့၏လုပ်ငန်းကို အနာဂတ်၌ သက်သေ ပြနိုင်ရေးအတွက် နည်းပညာကိုအသုံးချရန်လိုအပ်ကြောင်း ပြော ဆိုထားသည်။
လတ်တလော    ကောက်ယူခဲ့သည့်    စစ်တမ်းများအရ မလေးရှားနှင့် စင်ကာပူနိုင်ငံသား ၇၆ ရာခိုင်နှုန်းသည် ၎င်းတို့၏ အလုပ်အကိုင်များကို နည်းပညာဖြင့် အစားထိုးမည်ကို စိုးရိမ် နေကြကြောင်း Employment Hero ၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။
ပရော်ဖက်ရှင်နယ် စက်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေကြ သည့် လုပ်သား ၃၀ဝ ကျော်ကို  စစ်တမ်းကောက်ယူခဲ့ရာတွင် အများစုက ခေတ်မီနည်းပညာကို အနာဂတ်တွင် ပိုမိုအသုံးပြုရန် လိုလားကြကြောင်း တွေ့ရှိရသည်။ ထို့ပြင် ၎င်းတို့သည် သုံးစွဲသူ ဝန်ဆောင်မှုပေးသည့် ဆော့ဖ်ဝဲလ်တစ်မျိုးကို  အသုံးပြုနေကြပြီ လည်း ဖြစ်သည်။          

 Source; asianbusinessreview.com

စိုင်းဗညား