Main menu

Background

ပြည်ပရောက် ကမ္ဘောဒီးယားလုပ်သားများ  မိခင်နိုင်ငံသို့ ဘတ်သန်း ၉၀ဝ၀ ကျော်ပို့နိုင်

Wed, 06/21/2023 - 13:47 -- journal_editor

ကမ္ဘောဒီးယားနိုင်ငံသည် ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁ ဒသမ ၃ သန်းခန့် စေလွှတ်ထားပြီး အဆိုပါ ပြည်ပရောက်လုပ်သားများအနေဖြင့် မိခင်  ကမ္ဘောဒီးယားနိုင်ငံသို့ ဘတ်သန်း ၉၀ဝ၀ ကျော် ငွေပြန်လွှဲနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယား အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည်  ထိုင်းနိုင်ငံသို့ အလုပ်သမား ၁ ဒသမ ၂ သန်း စေလွှတ်ထားပြီး  တောင်ကိုရီးယားနိုင်ငံသို့ ၄၉၀ဝ၀၊ မလေးရှားနိုင်ငံ သို့ ၂၂၀ဝ၀ ကျော်နှင့် ဂျပန်နိုင်ငံသို့ ၁၉၀ဝ၀ ကျော်  စေလွှတ်ထားကြောင်း သိရသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံသည် စင်ကာပူ၊ ဟောင်ကောင်နှင့် ဆော်ဒီအာရေဗျတို့သို့လည်း အလုပ်သမား  အများအပြား စေလွှတ်ထားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်နေ သည့် ကမ္ဘောဒီးယား အလုပ်သမားများသည် တစ်လလျှင် အနိမ့်ဆုံးလုပ် အားခ အမေရိကန်ဒေါ်လာ ၄၀ဝ (ဘတ် ၁၃၉၀ဝ ခန့်)နှင့် အမေရိကန် ဒေါ်လာ ၃၀ဝ (ဘတ် ၁၀၄၀ဝ ခန့်) ရရှိကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား အလုပ်သမား များသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၅၀ဝ( ဘတ် ၅၂၃၀ဝ ခန့်)နှင့် အမေရိကန် ဒေါ်လာ ၁၄၀ဝ ( ဘတ် ၄၈၈၀ဝ ခန့်) ရရှိကြကြောင်း သိရသည်။                                                                                 

 Source; Xinhua

စိုင်းဗညား