Main menu

Background

ရေနံဈေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်

Wed, 06/21/2023 - 13:52 -- journal_editor

အမေရိကန် ဗဟိုဘဏ်၏ ဇွန်လ ဒုတိယပတ် အစည်း အဝေး မတိုင်မီ ကမ္ဘာ့ရေနံဈေးသည် ၂ ဒေါ်လာ ကျဆင်းသွား ခဲ့ရပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဗဟိုဘဏ်၏ လောင်စာ ဆီဝယ်လိုအား  တိုးမြင့်လာမှုနှင့်  ရုရှားနိုင်ငံ၏ ရေနံစိမ်း ရောင်းလိုအား  မြင့်တက်လာမှုအပေါ်   စိုးရိမ်မှုများ ရှိနေ ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ရေးသားဖော်ပြထား သည်။
ရေနံစိမ်း တစ်စည်လျှင်  အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၈၈ ဒေါ်လာမှ ၆၈ ဒသမ ၁၅ ဒေါ်လာအထိ ကျဆင်း သွားခဲ့ရခြင်းကြောင့် ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၈ ရာခိုင် နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး  ရေနံစိမ်း တင်သွင်းသူ၏  ဝယ်လိုအား တိုးမြင့်လာမှုအပေါ် စိုးရိမ်ပူပန်မှုများ  မြင့်တက်လာသဖြင့် ဆော်ဒီအာရေးဗျမှ ထုတ်လုပ်မှုကို လာမည့် ဇူလိုင်လတွင် တစ်ရက်လျှင် စည်ပေါင်းတစ်သန်း လျှော့ချမည်ဟု ကတိပြု ထားသောကြောင့်  စံချိန်စံညွှန်း  နှစ်ခုစလုံးသည် အပတ်စဉ် ဆက်တိုက်ကျဆင်းသွားခဲ့သည်။ 
အမေရိကန် ဗဟိုဘဏ်မှ ငွေကြေးထောက်ပံ့မှု လျော့ပါးသွားချိန်အထိ ရေနံဈေးနှုန်းများ မြင့်တက်ရန် ရုန်းကန်နေ ရသောကြောင့်  ကျဆင်းနေသော  ခွဲဝေပေးသူများသည် လက်ရှိတွင် အသာစီးကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့် မည်ဟု ဗဟိုဘဏ်မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။ ရေနံစိမ်းသည် ယခုနှစ်အတွင်း တစ်စည်လျှင် ပျမ်းမျှ အမေ ရိကန်ဒေါ်လာ ၈၀ ခန့်ရှိလာမည်ဟု မျှော်လင့်ထားကြသည်။
ဆော်ဒီအာရေဗျသည် လွန်ခဲ့သည့်နှစ်အတွင်း ရေနံ ထုတ်လုပ်မှုကို လေးကြိမ်အထိ လျှော့ချခဲ့သော်လည်း ထုတ် လုပ်မှုအပေါ် သက်ရောက်မှုနည်းစေရန် ပိတ်ဆို့အရေးယူမှု များ ပြုလုပ်ခဲ့ခြင်းကြောင့် ရုရှားနိုင်ငံ၏ ထောက်ပံ့မှုကို ထိန်း ထားနိုင်ခဲ့ကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏  ပိတ်ဆို့အရေးယူမှုနှင့် Group of Seven  ၏ ဈေးနှုန်းကန့်သတ်မှု ယန္တရားတို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအစောပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့ သော်လည်း တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ ရုရှားနိုင်ငံ၏ ရေနံတင်ပို့မှုမှာ တိုးလာခဲ့သည်။
Goldman Sachs သည် ရုရှားနှင့် အီရန်ထံမှ မျှော်လင့် ထားသည်ထက် ပိုမိုမြင့်မားသော ထောက်ပံ့ရေးပစ္စည်းများ အတွက် ၎င်း၏ရေနံဈေးနှုန်း ခန့်မှန်းချက်ကို ဖြတ်တောက် ခဲ့ပြီး ထုတ်လုပ်သူနှစ်ဦးနှင့် ဗင်နီဇွဲလားအတွက် ၂၀၂၄ ခုနှစ် ထောက်ပံ့ရေးခန့်မှန်းချက်ကို စည်စုစုပေါင်း ၈၀ဝ၀ဝ တိုးခဲ့သည်။                                                    

Source; Reuters

စိုင်းဗညား