Main menu

Background

ထိုင်းနှင့်ကမ္ဘောဒီးယားတို့ အွန်လိုင်းစနစ်ဖြင့် လုပ်သားတင်သွင်းမှု ဆောင်ရွက်မည်

Mon, 07/03/2023 - 14:53 -- journal_editor

ထိုင်းနိုင်ငံနှင့်   ကမ္ဘောဒီးယားနိုင်ငံတို့သည်MOUရွှေ့ပြောင်း  အလုပ်သမားများ  တင်သွင်းမှု အတွက်  အွန်လိုင်းစနစ်ဖြင့်  စတင်ဆောင်ရွက် တော့မည်ဖြစ်ကြောင်း postsen.com သတင်းတစ် ရပ်တွင် ရေးသားဖော်ပြထားသည်။
ထိုင်းနိုင်ငံ  အလုပ်သမားဝန်ကြီးဌာန လက် အောက်ရှိ  အလုပ်သမား စီမံခန့်ခွဲရေးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ     အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လာမည့် သြဂုတ်လကုန်တွင် သက်တမ်း ကုန်ဆုံးတော့မည့် ကမ္ဘောဒီးယားနိုင်ငံမှ MOU ရွှေ့ပြောင်းအလုပ် သမား ၄၀ဝ၀ဝ ကျော်အား  အွန်လိုင်းစနစ်ဖြင့် သက်တမ်းတိုးခြင်းများကို စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားခြင်းဖြစ် သည်။ 
ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင် နေကြသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား များနှင့်ပတ်သက်ပြီး စာရွက်စာတမ်း အသစ်ထုတ် ပေးခြင်း၊ အချက်အလက်များကို စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းနှင့်  အလုပ်သမားများ  ရသင့်ရ ထိုက်သော အကျိုးခံစားခွင့်များကို အကာအကွယ် ပေးနိုင်ရန် လာမည့် ဇူလိုင်လကုန် နောက်ဆုံးထား ပြီး ဗီဇာကို အချိန်မီရယူရေး ကမ္ဘောဒီးယားအစိုးရ ဘက်ကို တင်ပြထားကြောင်း သိရသည်။ 
ကမ္ဘောဒီးယားနိုင်ငံဘက်ကလည်း ဗီဇာ ကြေး ဘတ် ၂၀ဝ၀ အစား ဘတ် ၅၀ဝ အထိ လျှော့ ချရေးကိစ္စရပ်ကို  ထိုင်းနိုင်ငံဘက်က ထည့်သွင်း စဉ်းစားရန်  တင်ပြထားပြီး အလုပ်သမားများ အနေဖြင့် မိခင်နိုင်ငံသို့ ပြန်သွားစရာမလိုဘဲ မိမိ အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံမှပင် စာရွက် စာတမ်းများ တင်သွင်းရာတွင် အွန်လိုင်းစနစ်ဖြင့် သက်တမ်းတိုးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ကြောင်း  ထိုင်းနိုင်ငံမှ  အလုပ်အကိုင် ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် Mr. Pairoj Jotikasthira  က ပြောသည်။ 
Source; postsen.com

စိုင်းဗညား