
ဗီယက်နမ်နိုင်ငံထွက် ဒူးရင်းသီး များမှာ အရည်အသွေး ကောင်းမွန်မှု နှင့်အတူ လူကြိုက်များလာခြင်းကြောင့် ပြည်တွင်းရောင်းအားသာမကဘဲ ပြည်ပ သို့ တင်ပို့မှုပါ လိုက်ပါမြင့်တက်လာခဲ့ သည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း ပြည်ပနိုင်ငံများသို့ ဒူးရင်းသီး တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၅၀ဝ ကျော်ရရှိခဲ့ကြောင်း သိရသည်။ ယင်းမှာ ယမန်နှစ် ကာလ တူနှင့်နှိုင်းယှဉ်ပါက ၁၈ ဆအထိ မြင့် တက်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီမှ မေလအတွင်း ဒူးရင်းသီး တန်ချိန် ၆၅၀ဝ၀ ကျော်ကို ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံ၏ အဆိုပါတင်ပို့မှုများ ထဲမှ ၉၇ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ အနေဖြင့်လည်း ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ ဒူးရင်း သီး ဝယ်ယူမှုမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် က ဝယ်ယူမှုထက် ၄၁ ရာခိုင်နှုန်း တိုး မြင့်လာခဲ့ကြောင်း သတင်းတွင် ဆက် လက်ဖော်ပြထားသည်။ ဗီယက်နမ် နိုင်ငံသည် ယခုနှစ် မေလတွင် ဒူးရင်း သီးတင်ပို့မှုမှ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၃၂ သန်းအထိ စံချိန်တင် ရရှိခဲ့ပြီး ဧပြီလထက် ၁၀ ဆ ပိုမိုများ ပြားခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဒူးရင်းသီးတန်ချိန် ၈၂၅၀ဝ၀ တင်ပို့ခဲ့ကြောင်း တရုတ် အကောက်ခွန် အချက်အလက်များအရ သိရသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ သည် ၂၀၂၃ ခုနှစ်တွင်မူ ဒူးရင်းသီး တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရရှိနိုင်ကြောင်း ခန့်မှန်း ထားကြသည်။
Source; Xinhua
စိုင်းဗညား
