Main menu

Background

ထိုင်းနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် တရုတ်လျှပ်စစ်ကားကုမ္ပဏီများ စိတ်ဝင်စားလာ

Mon, 07/03/2023 - 15:00 -- journal_editor

တရုတ်နိုင်ငံ လျှပ်စစ်ကားကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှဒေသအတွက် မော် တော်ကားထုတ်လုပ်မှု  အခြေစိုက်ရာ နေရာအဖြစ် ပိုမိုရင်းနှီးမြှုပ်နှံရန်   မျက်စိကျ  စိတ်ဝင်စားနေကြ ကြောင်း သိရသည်။
တရုတ်နိုင်ငံ  လျှပ်စစ်ကားကုမ္ပဏီများသည် အရှေ့တောင်အာရှရှိ အိမ်နီးချင်းနိုင်ငံများသို့ မော် တော်ကား ထုတ်လုပ်ဖြန့်ချိရေး ဗဟိုချက်နေရာအဖြစ် ထိုင်းနိုင်ငံကို အထူး စိတ်ဝင်စားနေကြကာ ရင်းနှီးမြှုပ် နှံရန်အတွက်လည်း  အဆင်သင့် ရှိနေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှု မက်လုံးပေးမှုများကြောင့် တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများကစိတ်ဝင် တစားဖြင့် စောင့်ကြည့်နေခြင်းဖြစ်သည်။
Chongqing Changan Automobileနှင့် GAC Aion တို့သည် တန်ဖိုး ထိုင်းဘတ် ၁၆ ဒသမ ၂ ဘီလီယံ (ဒေါ်လာ၄၇၀သန်း)ခန့်ရှိ  လျှပ်စစ်ကားထုတ်လုပ်မှုကို ထိုင်းနိုင်ငံတွင်း၌  ရင်းနှီးမြှုပ်နှံရန်  စီစဉ်နေသည်။ သို့သွော်Great Wall Motor and BYD  အနေဖြင့် ထိုင်း နိုင်ငံအရှေ့ပိုင်း  ရနောင်းပြည်နယ်တွင် မော်တော် ကားစက်ရုံများ တည်ထောင်ပြီး ဖြစ်သကဲ့သို့ တရုတ် နိုင်ငံမှHozon Auto ကုမ္ပဏီသည်လည်း အရှေ့တောင် အာရှနိုင်ငံများသို့ မော်တော်ကား ဖြန့်ဖြူးရောင်းချပေး ရန်အတွက်  ထိုင်းနိုင်ငံ၌   မော်တော်ကားများကို လာမည့် ၂၀၂၄ ခုနှစ်တွင် စတင်ထုတ်လုပ်တော့မည် ဖြစ်သည်။                            

Source; Xinhua

စိုင်းဗညား