Main menu

Background

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော ဂရိဆိပ်ကမ်းသို့ရောက်ရှိ

Tue, 07/18/2023 - 14:23 -- journal_editor

ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာတင်သင်္ဘောကြီးဖြစ်သည့် OOCL PIRAEUS  သည် ဇူလိုင် ၁၀ ရက်တွင် ဂရိနိုင်ငံ Piraeus ဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်ခဲ့ကြောင်းnews.cnသတင်းဌာနက ဇူလိုင် ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 
OOCL PIRAEUS အမည်ရ  သင်္ဘောကြီးကို Orient Overseas Container Line Europe (OOCL) ကုမ္ပဏီက အသစ်  တည်ဆောက်ထားခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း အကြီးဆုံး ကွန်တိန်နာ တင်သင်္ဘောများအနက် တစ်စင်းဖြစ်သည်။
ကွန်တိန်နာတင်သင်္ဘော OOCL PIRAEUS  သည် အာရှ တိုက်နှင့် ဥရောပတိုက်တို့ကို ၈၄ ရက်ကြာ လှည့်လည်သွားလာနေ ခြင်းဖြစ်ပြီး ယင်းကွန်တိန်နာတင်သင်္ဘောသည် COSCOသင်္ဘော လိုင်း၏ လုပ်ငန်းခွဲဖြစ်သည့် Piraeus Container Terminal S.A. (PCT) ကွန်တိန်နာဆိပ်ကမ်းသို့ ဇူလိုင် ၁၀ ရက်က ဆိုက်ရောက်ခဲ့ ခြင်းဖြစ်သည်။ 
OOCL PIRAEUS သင်္ဘောကြီးသည် အလျား ၃၉၉ ဒသမ ၉ မီတာရှည်ပြီး  အကျယ် ၆၁ ဒသမ ၃ မီတာ ရှိကာ ကွန်တိန်နာတင် ဆောင်နိုင်စွမ်း TEUs 24188 ရှိသည့် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာ တင်သင်္ဘောများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ 
ဂရိနိုင်ငံ   Piraeus    ဆိပ်ကမ်းသည်   မြေထဲပင်လယ်ဒေသရှိ ကွန်တိန်နာ ဆိပ်ကမ်းများထဲတွင် ထိပ်တန်းအဆင့်ရှိပြီး ဥရောပ တိုက်၏  အဓိကအရေးပါသည့်     ရေကြောင်းကုန်သွယ်ရေးတွင် အချက်အချာကျသည့် ဆိပ်ကမ်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။                                    
Source; news.cn

 စိုင်းဗညား