Main menu

Background

ဗီယက်နမ်တွင် သစ်သီးများကို အွန်လိုင်းမှ တိုက်ရိုက်ရောင်းချမှု တွင်ကျယ်လာ

Tue, 07/18/2023 - 14:27 -- journal_editor

ဗီယက်နမ်နိုင်ငံတွင် လတ်ဆတ်သော ခြံထွက်သစ်သီးဝလံများနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အွန်လိုင်းမှ တိုက်ရိုက်ရောင်းချခြင်းများ တွင်ကျယ်လျက်ရှိကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံတွင် ထိုကဲ့သို့ သစ်သီးများကို အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်းမှာ  အရှိန်အဟုန်ဖြင့်  တိုးတက်လာလျက်ရှိကြောင်း၊  E commerce ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ အား တိုးတက်ကောင်းမွန်လာစေရေး ဆောင်ရွက်ရန် တိုက်တွန်းလျက် ရှိကြောင်း Vietnam  News ၏ ဖော်ပြချက်အရ သိရသည်။
"သစ်သီးဝလံတွေကို အွန်လိုင်းက အရောင်းမြှင့်တင်ခြင်းဟာ ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်သင့်တဲ့ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ လတ်ဆတ်တဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို မပုပ် သိုး၊ မပျက်စီးမီ အချိန်မီ အမြန်ဆုံး ပို့ဆောင်ပေးနိုင်ဖို့တော့ လိုအပ်ပါ တယ်"ဟု e-commerce  ပညာရှင်  Do Quang Huy က ပြောသည်။
ထို့ပြင် စားသုံးသူလက်ထဲသို့ အချိန်မီ မရောက်ရှိဘဲ ပြန်လည် ပေးပို့ခံရသော ကုန်ပစ္စည်းများသည် ပျက်စီးမှုများကြောင့် စွန့်ပစ်ရနိုင် ကြောင်း၊ e-commerce  ၏ လိုအပ်သော ထောက်ပံ့သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ  တိုးတက်ကောင်းမွန်လာစေရေးသည် လည်း  အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
Source; Vietnam News

စိုင်းဗညား