Main menu

Background

ပိုးလမ်းမ ကုန်သွယ်မှု ပထမခြောက်လအတွင်း ၉ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်

Tue, 07/18/2023 - 14:29 -- journal_editor

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရပ်ဝန်းနှင့်   ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများအကြားမှ ကုန်သွယ်မှုသည် ယခု ၂၀၂၃ ခုနှစ်    ပထမခြောက်လ အတွင်း   ကုန်သွယ်မှုမှာ   ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့လာခဲ့ ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်  ပထမခြောက်လ အတွင်း စုစုပေါင်း  အလုံးစုံ ကုန်သွယ် ရေးတိုးတက်မှုထက်  ပွိုင့် ၇ ဒသမ ၇ ရာခိုင်နှုန်း  ပိုမိုတိုးတက်လာခဲ့ခြင်းဖြစ် ကြောင်း ဇူလိုင် ၁၃ ရက်တွင်  တရုတ် နိုင်ငံအစိုးရ၏  ထုတ်ပြန်ချက်များအရ  သိရသည်ဟု ဆင်ဟွာသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 
၂၀၂၃ ခုနှစ်  ပထမခြောက်လ အတွင်း   ရပ်ဝန်းနှင့်   ပိုးလမ်းမတစ် လျှောက်ရှိ နိုင်ငံများနှင့် စုစုပေါင်းကုန် သွယ်မှု   ပမာဏမှာ  တရုတ်နိုင်ငံ၏ သွင်းကုန်၊ ပို့ကုန်တန်ဖိုး ယွမ် ၂၀ ဒသမ ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံခန့်)ရှိကြောင်း သိရ သည်။ ယင်းမှာ ရာခိုင်နှုန်းအားဖြင့်  ၃၄ ဒသမ ၃ ရာခိုင်နှုန်းရှိသည်ဟု သတင်းစာ ရှင်းလင်းပွဲတစ်ရပ်၌      အထွေထွေ အကောက်ခွန်ဦးစီးဌာနမှ  ထုတ်ပြန် သော  အချက်အလက်ကို ကိုးကားပြီး ဆင်ဟွာသတင်းက  ရေးသားဖော်ပြ ထားသည်။ 
ယင်းအပြင် ဒေသတွင်း ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘော တူစာချုပ် အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်  နိုင်ငံတို့အကြား    ကုန်သွယ်မှုများမှာ ယမန်နှစ် ကာလတူထက် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
Source; Xinhua

စိုင်းဗညား