အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး သည် ယခုနှစ်တွင် မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာခဲ့ကြောင်း အစိုးရထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်အရ သိရသည်ဟု ဘီဘီစီသတင်း ဌာနက ဇူလိုင် ၂၈ ရက်တွင် ရေးသားဖော်ပြထား သည်။
အမေရိကန်ပြည်ထောင်စုတွင် စားသုံးသူ အသုံးစရိတ် နှေးကွေးနေသော်လည်း နိုင်ငံ၏ စီးပွားရေးမှာမူ တိုးတက်မှု ရှိလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးဖြစ် သည့် အမေရိကန်ပြည်ထောင်စုသည် ယခုနှစ် ပထမခြောက်လပတ်တွင် စီးပွားရေး ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုမှာ ယခုနှစ်အတွင်း ခုန် တက်သွားခြင်းကြောင့် မျှော်လင့်ထားသည်ထက် စီးပွားရေးတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ဗဟိုဘဏ်Federal Reserve သည် ယမန်နှစ်က မြင့်တက်ခဲ့သော ဈေးနှုန်းများ ကို တည်ငြိမ်အောင် ကြိုးစားရန် အတိုးနှုန်းကို သိသိသာသာ မြှင့်တင်လိုက်ခြင်းကြောင့် နှောင့် နှေးမှုများ ဖြစ်လာနိုင်ကြောင်း စီးပွားရေးကျွမ်း ကျင်သူများက သတိပေးထားသည်။
အတိုးနှုန်းမြှင့်တင်လိုက်ခြင်းသည် အမေ ရိကန်ပြည်ထောင်စု၏ စီးပွားရေးကျဆင်းမှုကို ရှောင်ရှားရန် ကူညီပေးနိုင်သော်လည်း ငွေကြေး ဖောင်းပွမှုဖိအားများကို အပြည့်အဝ ဖယ်ရှားရန် ပိုမိုခက်ခဲစေသည်ဟု ဘောဂဗေဒပညာရှင်အချို့ က သတိပေးထားသည်။
ယခုကဲ့သို့ စီးပွားရေး တိုးတက်မှုသည် စီးပွားရေးအားကောင်းလာမှု၏ အပြုသဘော ဆောင်သည့် လက္ခဏာဖြစ်သော်လည်း ဝယ်လို အားမြင့်မားမှုသည် င်္နိ အတွက် ဆက်လက်စိုးရိမ် စရာဖြစ်နေသော ငွေကြေးဖောင်းပွမှု ဖိအားများ ကို အားဖြည့်ပေးလိမ့်မည်ဟု Charles Schwab UK ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ Flynnက ပြောခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ငွေကြေး ဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် ဇွန်လက ၃ ရာခိုင် နှုန်း မြင့်တက်ခဲ့ပြီး ၂၀၂၂ခုနှစ်ကမူ ၉ ရာခိုင်နှုန်း ကျော်အထိပင် သိသိသာသာ မြှင့်တင်ခဲ့ဖူးသည်။
Federal Reserve ဥက္ကဋ္ဌ ဂျရုန်းပါဝဲလ်က မူဝါဒချက်မှတ်သူများသည် ပြဿနာများကို ပြေ လည်အောင် မဖြေရှင်းနိုင်မီတွင် စီးပွားရေးသည် ပိုမိုနှေးကွေးသွားနိုင်ကြောင်း မကြာသေးမီရက် ပိုင်းအတွင်းက ပြောဆိုထားသည်။
အမေရိကန်ပြည်ထောင်စုတွင် ငွေကြေး ဖောင်းပွမှုကို ထိန်းညှိပြီးနောက် တစ်နာရီလုပ်ခ လစာသည် ပျမ်းမျှ ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက် လာခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် တိုးလာခြင်းလည်းဖြစ်သည်။
Source; BBC
စိုင်းဗညား
