တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ကော် ယွမ်ဆိပ်ကမ်းသည် နိုင်ငံတကာ ကုန်းလမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်း တင်ပို့နိုင်မှုကြောင့် တရုတ် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် များစွာအထောက် အကူပြုလျက်ရှိကြောင်း သိရသည်။
၂၀၁၇ ခုနှစ်ကပင် စတင်ခဲ့သည့် ယင်းကုန်သွယ်ရေး စင်္ကြံသစ်သည် တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ပြည်နယ်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ပူးတွဲတည်ဆောက်ထား သော ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်း တစ်ခုဖြစ်သည်ဟုဆိုသည်။ ထို့ပြင် အဆိုပါ ကုန်သွယ်ရေး စင်္ကြံသစ်သည် ရပ်ဝန်းနှင့် ပိုးလမ်းမ(ျြွှု) အောက်ရှိ အဓိက စီမံကိန်းများအနက် တစ်ခုလည်းဖြစ်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Changan Automobileကုမ္ပဏီလီမိတက်၏ ထောက်ပံ့ ရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးဖြစ်သူ Wang Di က ကုန်သွယ်ရေးစင်္ကြံသစ်သည် ပိုမိုထိရောက်သည့်နည်းလမ်းတစ်ခုအဖြစ် ပံ့ပိုးပေးထားခြင်း ကြောင့် ကမ္ဘာ့ဈေးကွက်သို့ အရောက်သွားရန် မြန်ဆန်ထိ ရောက်စွာ အထောက်အကူပြုနေကြောင်း၊ ကမ္ဘာ့ဈေးကွက် တွင် မိမိတို့၏ ယှဉ်ပြိုင်မှုကို ကြီးမားစွာ မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။
အရှေ့တောင်အာရှဈေးကွက်သို့ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ရေး မဟာဗျူဟာအဖြစ် Changan Automobile ကုမ္ပဏီက ထိုင်းနိုင်ငံ၌ စက်ရုံသစ် တည်ဆောက်ကာ ၂၀၂၄ ခုနှစ်တွင် မော်တော်ကားအစီးရေ တစ်သိန်းအထိ ထုတ်လုပ် သွားရန် မျှော်မှန်းထားကြောင်း သိရသည်။
ထို့ပြင် ၂၀၃၀ ပြည့်နှစ်အရောက်တွင် မော်တော်ကား အစီးရေ ၁ ဒသမ ၂ သန်းနီးပါးအထိ တင်ပို့နိုင်ရန်နှင့် ပြည်ပ ဈေးကွက် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းမိုးနိုင်ရန် ရည် မှန်းထားကြောင်း Wang Di ပြောဆိုခဲ့သည်။
Source; motortrend.com
စိုင်းဗညား
