Main menu

Background

ထိုင်းက ကုန်သွယ်မှုအတွက် ယွမ်နှင့် အာရှငွေကြေးများကို တိုးမြှင့်သုံးစွဲမည်

Mon, 08/14/2023 - 12:40 -- journal_editor

ထိုင်းနိုင်ငံက နိုင်ငံတကာနှင့် ကုန်သွယ်မှု များ ပြုလုပ်ရာတွင် တရုတ်ယွမ်ငွေနှင့် အခြား အာရှငွေကြေးများကို တိုးမြှင့်သုံးစွဲသွားမည်ဖြစ် ကြောင်း သြဂုတ် ၉ ရက်တွင် ထိုင်းဗဟိုဘဏ်က အသိပေး ပြောဆိုလိုက်သည်။
လက်ရှိကာလတွင် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေအကြား လဲလှယ်မှုတန်ဖိုးမှာ ကွာဟ ချက်ကြီးမားလာနေသကဲ့သို့ အတက်အကျအပြောင်း အလဲ ကြမ်းလွန်းသည့်အတွက်လည်း ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံရေးများတွင် လက်ရှိ အသုံး များနေသည့် အမေရိကန်ဒေါ်လာအစား တရုတ် ယွမ်ငွေနှင့်  အခြားအာရှငွေကြေးများကို တိုးမြှင့် သုံးစွဲရန်   စီစဉ်နေကြောင်း  ထိုင်းဗဟိုဘဏ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းဘဏ်The Bank of Thailand-BOTသည်  ငွေကြေးလဲလှယ်နှုန်းအန္တရာယ်ကို လျှော့ချ ရာတွင်  အထောက်အကူ   ဖြစ်စေရေးအတွက် ဒေသတွင်း   ငွေကြေးများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲရန်   မျှော်လင့်ထားကြောင်း၊ မည်သည့် အတွက်ကြောင့်ဆိုသော် ဒေသတွင်းငွေကြေးများ သည်   ထိုင်းဘတ်နှင့်  ငွေကြေးတန်ဖိုး ကွာဟမှု ကျဉ်းမြောင်းခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းဗဟို ဘဏ်၏  ဒုတိယဥက္ကဋ္ဌဖြစ်သူက  ပြောဆိုထား သည်။ 
ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ သုံးစွဲ မှုကို လျှော့ချပြီး အခြားငွေကြေးများကို တိုးမြှင့် သုံးစွဲရန်  ကြိုးပမ်းနေသည်မှာ ဆယ်စုနှစ်တစ်စု ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခု ၂၀၂၃ ခုနှစ် ပထမနှစ်ဝက် ကုန်လွန်ပြီးမှသာ အရှိန်အဟုန်တစ်ခုကို ရလာပြီ ဖြစ်ကြောင်း၊   ဗဟိုဘဏ်အချင်းချင်း စီစဉ်ဆောင် ရွက်မှုများနှင့်ဘဏ္ဍာရေးအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများကလည်း  အဆင်သင့်ရှိနေပြီ ဖြစ်ကြောင်း  ထိုင်းဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ထိုင်းဗဟိုဘဏ်အနေဖြင့် တရုတ်၊ မလေး ရှား၊ အင်ဒိုနီးရှားတို့နှင့် ပြည်တွင်းငွေကြေးတိုးမြှင့် သုံးစွဲရေး  ပူးပေါင်း   လုပ်ဆောင်လျက်ရှိနေပြီး ၂၀၂၃ ခုနှစ်  ဒုတိယနှစ်ဝက်တွင်  သိသိသာသာ တိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ယွမ်နှင့် ကုန်သွယ်ရေးအတွက် သဘောတူညီချက် အများအပြား ရရှိထားပြီဖြစ် သည်။ ထို့ပြင် အိန္ဒိယနိုင်ငံကလည်း ရူပီးကို တိုး မြှင့် အသုံးပြုရေးအတွက် လုပ်ဆောင်နေသကဲ့သို့ ဘရာဇီး၊ အာဂျင်တီးနား စသည့် တောင်အမေရိက နိုင်ငံများကလည်း   အမေရိကန်ဒေါ်လာအစား အခြားငွေကြေးများကို အစားထိုး အသုံးပြုနိုင်ရေး နည်းလမ်း‌များ ရှာဖွေလျက်ရှိကြောင်း သိရသည်။ 
Source; BangkokPost

 

စိုင်းဗညား