Main menu

Background

Nissan Titan ထုတ်လုပ်မှု ၂၀၂၄ တွင် ရပ်ဆိုင်းတော့မည်

Mon, 08/14/2023 - 12:45 -- journal_editor

နစ်ဆန်းသည်  Full size  ပစ်ကပ် ထရပ်ကားဈေးကွက်၌  ၂၁ နှစ်ကြာ ခက်ခဲစွာ    ကျင်လည်ခဲ့ပြီးနောက်  Nissan Titan  မျိုးဆက်ကို လာမည့် ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှု ရပ်ဆိုင်း တော့မည်ဖြစ်ကြောင်း gearpatrol.com  က သြဂုတ် ၉ ရက်တွင် ရေးသား ဖော်ပြထားသည်။
နစ်ဆန်းသည်   Nissan Titanမျိုး ဆက်ကို  ထုတ်လုပ်လာခဲ့သည်မှာ ၂၁ နှစ်ပင် ကြာမြင့်လာခဲ့ပြီဖြစ်ရာ ယခုကဲ့ သို့ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းကို အားလုံးက အံ့အားသင့်နေကြသည်။ Full size  ထရပ်ကားများကို ဖျက်သိမ်း တော့မည်ဟု လွန်ခဲ့တဲ့လအတော်ကြာ တည်းကပင်  ကောလာဟလများ ထွက် ပေါ်ခဲ့ပြီး နောက်ဆုံးတွင် ဆက်လက် ရပ်တည်ရန်    ခက်ခဲလာခြင်းကြောင့် ယခုကဲ့သို့     ဆုံးဖြတ်လိုက်ခြင်းဖြစ် ကြောင်း နစ်ဆန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်ဟုgearpatrol.comတွင် ဆက်လက်ဖော်ပြထားသည်။
The Autopianအစီရင်ခံစာ တစ်ခုအရ Nissan  အနေဖြင့် ၂၀၂၄ ခုနှစ်တွင် Titan ထုတ်လုပ်မှု အဆုံး သတ်မည့်အကြောင်းအရာကို အတည် ပြုပေးခဲ့သည်။Nissan သည်Titan  နှင့် ပတ်သက်ပြီး   မျှော်မှန်းထားသော ရောင်းအားနှင့်  Feedback ကို မရရှိခဲ့ သည့်နောက်တွင် ဆက်လက်ထုတ်လုပ် မှုကို  လက်လျှော့လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
Titan ကားများသည် ပြီးခဲ့သည့် ၂၀ဝ၃ ခုနှစ်က ရောင်းအားအကောင်း ဆုံး  ဖြစ်ခဲ့သော်လည်း လက်ရှိအချိန် တွင် မျှော်မှန်းထားသည့် အစီးရေ ပြည့် မီရန် လိုအပ်လျက်ရှိနေသည်။ လတ်တ လောကာလတွင် Titan ၏ ဈေးကွက် ဝေစုကို    Ford F-150   နှင့်  Toyota Tundra  တို့က  လွှဲပြောင်းရယူသွားခဲ့ သည်။  ထို့ကြောင့်Titan မျိုးဆက် ကျဆုံးသွားခဲ့ပြီးနောက်တွင်Nissan Frontier  ကို mid size ထရပ်ကားဈေး ကွက်အတွက်  နစ်ဆန်းက ပြောင်းလဲ ဖန်တီးခဲ့ခြင်းဖြစ်သည်။
သို့သော်Titanကို ဝယ်ယူလိုသူ များအနေဖြင့် သက်တမ်းတစ်နှစ် ကျန် ရှိနေသေးကြောင်း၊ ၂၀၂၄  ခုနှစ်ကို ကျော်လွန်သွားပါက Frontier ကိုသာ ရွေးချယ်ဝယ်ယူနိုင်တော့မည်   ဖြစ် ကြောင်း၊  Titan  ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ရပ်နားမှု ပြုလုပ် တော့မည်မှာ သေချာနေပြီဖြစ်ကြောင်း နစ်ဆန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 
Ref; gearpatrol.com

စိုင်းဗညား