Main menu

Background

တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍ သုံးနှစ်အတွင်း အကြီးမားဆုံး ကျဆင်း

Mon, 08/14/2023 - 12:46 -- journal_editor

ကမ္ဘာ့စီးပွားရေးတွင် ဒုတိယအင်အားအကြီးမားဆုံးနိုင်ငံဖြစ်သည့် တရုတ် နိုင်ငံသည် လက်ရှိအချိန်တွင် စီးပွားရေး ပြန်လည်ဦးမော့လာမည့် အလားအလာ များကို ခြိမ်းခြောက်ခံနေရကြောင်းနှင့် တရုတ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်များသည် ယခင်လက မျှော်လင့်ထားသည်ထက် သိသိသာသာကျဆင်းသွားခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် သြဂုတ် ၉ရက်က ရေးသားဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် တရားဝင်ကိန်းဂဏန်းများအရ ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့ သည့် ဇူလိုင်လတွင် ၁၄ ဒသမ ၅ ရာခိုင်နှုန်း  ကျဆင်းခဲ့ပြီး သွင်းကုန်မှာ ၁၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါ သွင်းကုန်၊ ပို့ကုန်  ကျဆင်းလာခြင်းကြောင့် ယခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု  ပိုမိုနှေးကွေးသွားစေမည်ကို  တရုတ်အစိုးရက စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။ ကမ္ဘာ့အကြီးဆုံး  ပို့ကုန်နှင့် အဓိကတင်သွင်းသူအဖြစ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ကုန်သွယ်မှု နှေးကွေးလာခြင်းကြောင့် ယင်းကိစ္စ မှာ  ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာစေနိုင်ဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။
တရုတ်နိုင်ငံ၏  အကြီးဆုံးဝယ်လက်များထဲမှ တစ်ခုဖြစ်သော အမေရိကန် ပြည်ထောင်စုသို့ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ၂၃ ဒသမ ၁ ရာခိုင်နှုန်းအထိပင် ထိုးကျခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂက လည်း တရုတ်ထံမှ ကုန်ပစ္စည်းဝယ်ယူမှုကို ၂၀ ဒသမ ၆ ရာခိုင်နှုန်းအထိ လျှော့ချ လိုက်သည်။ အခြားတစ်ဖက်တွင်လည်း အီးယူနှင့် တရုတ်တို့သည် ဆီမီးကွန်ဒတ် တာချစ်ပ်များနှင့်    ပတ်သက်၍   မပြေမလည်မှုများရှိခဲ့ရာ  တရုတ်အစိုးရသည် ကွန်ပျူတာချစ်ပ်များပြုလုပ်ရာတွင် အသုံးပြုသည့် အဓိကပစ္စည်းများ တင်ပို့မှု အပေါ် ထိန်းချုပ်တင်းကျပ်လာခဲ့သည်။ ထိုအချက်များကလည်း တရုတ်နိုင်ငံ၏ ကုန်သွယ်မှုကို ကျဆင်းစေခဲ့သည်ဟုဆိုသည်။                          Source; BBC

 

စိုင်းဗညား