Main menu

Background

တရုတ်နိုင်ငံ၏ စက်ရုပ်လုပ်ငန်းက ကမ္ဘာ့စီးပွားရေးတွင် ရှေ့တန်းရောက်လာ

Thu, 08/31/2023 - 11:24 -- journal_editor

တရုတ်နိုင်ငံ၏ စက်ရုပ်လုပ်ငန်းမှာ တစ်နှစ် ထက်တစ်နှစ် ပိုမိုတွင်ကျယ်လာပြီး ကမ္ဘာ့စီးပွား ရေးလောကတွင်    ရှေ့တန်းသို့    ရောက်ရှိလာ ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် သြဂုတ် ၁၆ ရက်မှစတင်၍  ခုနစ်ရက်ကြာ  ကျင်းပခဲ့သည့် ကမ္ဘာ့စက်ရုပ်ညီလာခံ (ျွှျွဃ)၌ ကမ္ဘာတစ်ဝန်းမှ စက်ရုပ်ကုမ္ပဏီပေါင်း  ၁၆၀ ခန့် ပါဝင်ပြသခဲ့ကြ သည်။ အဆိုပါကုမ္ပဏီများက စက်ရုပ်ပေါင်း ၆၀ဝ နီးပါးကို ပြသခဲ့ကြခြင်းလည်းဖြစ်သည်။ 
တရုတ် ထန်မင်းဆက်(၆၁၈-၉၀၇) ခေတ် က နာမည်ကျော် ကဗျာဆရာများဖြစ်ကြသည့် ူင ြငေ နှင့်  ီက င်္က တို့၏  သွင်ပြင်လက္ခဏာများဖြင့် လူသားသဏ္ဌာန်စက်ရုပ်များကို လက်ရှိကျင်းပနေ သော ၂၀၂၃ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံ (ျွှျွဃ)၌ ပရိသတ်စိတ်ဝင်စားမှု အများအပြားရရှိခဲ့သည်။ 
စက်ရုပ်များ၏   ခန္ဓာကိုယ်ပုံသဏ္ဌာန်နှင့် မျက်နှာအမူအရာများက    သဘာဝကျကြောင်း၊ ၎င်းတို့၏  စကားသံနှင့် ပြောဟန် ဆိုဟန်များက တကယ့်လူသားများအတိုင်းဖြစ်ကြောင်း၊ ပရိသတ် များနှင့်လည်း အပြန်အလှန် ပြောဆိုနိုင်ကြောင်း၊ လက်ရှိအချိန်တွင်  စက်ရုပ်များကို ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ပညာရေး အပါအဝင် နယ် ပယ်များစွာတွင် အသုံးပြုနေကြောင်း နဌ ျွသဘသအျ ကုမ္ပဏီမှ  တာဝန်ရှိသူ   ဇ့နညါ ့ထေငည က ပြော သည်။ တရုတ်နိုင်ငံ   စက်မှုနှင့်   သတင်းအချက် အလက်  နည်းပညာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဌငည ွကသဘငည က စက်ရုပ်လုပ်ငန်းက အဆင့်မြင့် ကုန်ထုတ်လုပ်မှုကို   ကိုယ်စားပြုပြီး   အသိÓဏ် ခေတ် လူ့အဖွဲ့အစည်းဆီသို့ ဦးတည်နေကာ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပေးသကဲ့သို့ လူသားမျိုးနွယ်၏ ကောင်းကျိုးသုခများကိုလည်း မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။ 
ထို့ပြင် လက်တံများစွာပါပြီး သစ်သီးများကို ခူးဆွတ်နိုင်သည့် စက်ရုပ်များကိုလည်း ကမ္ဘာ့စက် ရုပ်ညီလာခံ (ျွှျွဃ) တွင် ပရိသတ် စိတ်ဝင်စားမှု များပြားခဲ့သည်။  
လက်တံများစွာပါသည့်စက်ရုပ်ဖြင့် သစ် သီးခူးပါက တစ်နာရီလျှင် သီးနှံအလုံးရေ ၄၀ဝ မှ ၅၀ဝ အထိ ခူးဆွတ်နိုင်ကြောင်း၊ စက်ရုပ်များက  အချိန်နှင့်တစ်ပြေးညီ အလုပ်လုပ်နိုင်ပြီး သစ်သီး ပျက်စီးဆုံးရှုံးမှုကိုလည်း   သိသိသာသာ လျော့ နည်းစေကြောင်း   လက်တံများစွာပါပြီး သစ်သီးခူး  ဆွတ်နိုင်သော     စက်ရုပ်သုတေသနစီမံကိန်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ 
ယင်းစက်ရုပ်များကို  မြို့တော်ပေကျင်းနှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်တို့တွင် အသုံးပြုလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျကဲ့သို့ ပြည်ပဈေးကွက်များသို့ ထပ်မံ ချဲ့ထွင်ရန် စီစဉ်ထားကြောင်း သိရသည်။  
Source; Xinhua

စိုင်းဗညား