ဂျပန်နိုင်ငံ၏ သင်္ဘောလိုင်းတစ်ခုဖြစ်သည့် Nippon Yusen Kaisha (NYK))သည် အင်ဒိုနီးရှားနိုင်ငံရှိ Patimban ဆိပ်ကမ်းတွင် မော်တော်ကား ဆိပ်ခံအတွက် ရှယ်ယာများ ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံရှိ Patimban ဆိပ်ကမ်းသည် ကားဆိပ်ခံအသစ်နှင့် ကွန်တိန်နာဆိပ်ခံအသစ် စီမံကိန်းကို အကောင်အထည်ဖော်နေခြင်းဖြစ်ပြီးNippon Yusen Kaisha (NYK))သည် Patimban International Car Terminal ကုမ္ပဏီထံမှ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ြုံ သတင်းဌာနက ရေးသားဖော်ပြထားသည်။ အဆိုပါ Patimban International Car Terminal ကုမ္ပဏီကို Toyota Tsusho Group က ရာနှုန်းပြည့် ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
Patimban သည် မြို့တော် ဂျကာတာနှင့် ကီလိုမီတာ ၁၂၀ ဝေးကွာသည့် နေရာတွင် တည်ရှိသည်။ ယင်းဆိပ်ကမ်းစီမံကိန်းကို ၂၀၁၈ ခုနှစ်က စတင်အကောင် အထည်ဖော်ခဲ့ပြီး လက်ရှိတွင် စီမံကိန်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။ အဆိုပါဆိပ်ကမ်းသည် အလုံးစုံပြီးမြောက်ခြင်း မရှိသေးသော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကားအစီးရေ ၂၁၈၀ဝ၀ အထိ ကိုင်တွယ်ပေးနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Patimban ဆိပ်ကမ်း စီမံကိန်းအဆင့်(၁)၏ ပထမအဆင့်တွင် ကားဆိပ်ခံ သည် တစ်နှစ်လျှင် မော်တော်ကားအစီးရေ ၂၁၈၀ဝ၀ အထိ ကိုင်တွယ်ပေးနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဆိပ်ခံကို ဆက်လက်တိုးချဲ့လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် တွင် ယင်းဆိပ်ကမ်းမှ တစ်နှစ်လျှင် ကားအစီးရေ ခြောက်သိန်းနှင့် ကွန်တိန်နာ ၇၅၀ဝ၀ဝ၀ TEUအထိ ကိုင်တွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Source; NHK
စိုင်းဗညား
