Main menu

Background

ထိုင်းနိုင်ငံတွင် Facebook ကို ပိတ်သိမ်းရန်ပြင်ဆင်

Thu, 08/31/2023 - 11:29 -- journal_editor

ထိုင်းနိုင်ငံတွင် လူမှုကွန်ရက် စာမျက်နှာfacebook ကို ပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း Bangkok Post  သတင်း ဌာနက ရေးသားဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် လူပေါင်းနှစ်သိန်းကျော်ကို လိမ်လည် လှည့်ဖြားခဲ့သည်ဟု တိုင်ကြားခံထားရသော ပေ့ချ်အတုများ၊ လိမ်လည်သော ပေ့ချ်များမှ ကြော်ငြာခများကို  facebook ကုမ္ပဏီက လက်ခံယူနေသည်ဟုဆိုကာ ထိုင်းနိုင်ငံမှ အစိုးရ တာဝန်ရှိသူများသည် နိုင်ငံတွင်းfacebook  ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုကို  ပိတ်သိမ်းရန် တရားရုံးချုပ်ထံမှ အမိန့်ကို တောင်းခံထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် လူပေါင်း နှစ်သိန်းကျော်ကို လိမ်လည်ခံ ရသော ငွေကြေးပမာဏစုစုပေါင်းမှာ ထိုင်းဘတ် ၁၀ဘီလီယံ အထိရှိကြောင်း ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှု ရေးဝန်ကြီး ချီယွတ်သာနာကာမာနူဆွန်က ပြောသည်။
ထိုင်းအာဏာပိုင်များက facebook  ပေါ်တွင် ကြုံတွေ့ နေရသည့် ပြဿနာများကို အကြိမ်ပေါင်းများစွာ ထုတ်ဖော် ခဲ့ပြီး ပေ့ချ်အတုအယောင်များကို စစ်ဆေးအရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း၊ သို့သော် အဆိုပါ လိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် မိမိတို့ကို ကူညီရေးနှင့် ပူးပေါင်း ဆောင်ရွက်ရန်  ်ခေနဘသသု ဘက်က ပျက်ကွက်ခဲ့ကြောင်း ၎င်း က ထပ်မံပြောဆိုခဲ့သည်။
ယင်းပြဿနာများကြောင့် ထိုင်းနိုင်ငံ အာဏာပိုင်များ အနေဖြင့် နိုင်ငံအတွင်း၌ facebook  ကို ပိတ်သိမ်းနိုင်ရန် ယခုလမကုန်မီ တရားရုံးသို့ သွားရောက်တောင်းခံရန် ရည် ရွယ်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးက ပြော ကြားခဲ့သည်။
ထိုင်းနိုင်ငံတွင်   လိမ်လည်သူများသည် facebook အသိအမှတ်ပြုစာရင်းဝင် ကုမ္ပဏီများဖြစ်ကြပြီး လုံခြုံရေးနှင့် ငွေကြေးလဲလှယ်ရေး ကော်မရှင်၏  အမှတ်တံဆိပ်လိုဂိုကိုပြသကာ facebook  တွင် ကြော်ငြာများတင်၍ အမြတ်အစွန်း များသော ကတိများနှင့်အတူ  လူအများကို ၎င်းတို့ထံတွင် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခဲ့ကြကြောင်း၊ သို့သော် ထိုကဲ့သို့ သော  ကြော်ငြာများကြောင့်  ရင်းနှီးမြှုပ်နှံမိသူများသည် အမြတ်အစွန်းငွေကြေးကို  မည်သည့်အခါကမှ  မရခဲ့ကြ ကြောင်း  ထိုင်းနိုင်ငံ  ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေး ဝန်ကြီး ချီယွတ်သာနာကာမာနူဆွန်က ပြောသည်။
Source; Bangkok Post

စိုင်းဗညား