ဗြိတိန်အခြေစိုက် ချစ်ပ်ပြားထုတ်လုပ်သော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Arm သည် ၂၀၂၆ ခုနှစ်မှစ၍ ၎င်း၏ ပထမဆုံးသော ရှယ်ယာများကို အများသူငှာ ရောင်းချခြင်းတွင် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀(ပေါင် ဘီလီယံ ၄၀)ကျော်ရရှိရန် မျှော်မှန်းထားကြောင်း စက်တင် ဘာ ၈ ရက်က ဘီဘီစီသတင်းတစ်ရပ်တွင် ရေး သားဖော်ပြထားသည်။
စမတ်ဖုန်းများနှင့် ဂိမ်းစက်များ အပါအဝင် စက်ပစ္စည်းများအတွက် ချစ်ပ်များကို ဒီဇိုင်းထုတ် သည့် ဗမာ ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု တွင် ဈေးကွက်ရရှိမှုအဖြစ် အမေရိကန်ဒေါ်လာ ငါးဘီလီယံအထိရရှိရန် ကြိုးပမ်းနေသည်။ ၎င်း အနေဖြင့် ယခုနှစ်အတွက် အကြီးမားဆုံး ဈေး ကွက်ကမ်းလှမ်းမှုတစ်ခုဖြစ်လာရန် မျှော်လင့်ထား ပြီး ဈေးကွက်ယုံကြည်မှု ရရှိရန်လည်း ကြိုးပမ်း လျက်ရှိနေသည်။
Jamie Urqhuart သည် Arm ၏ ပူးတွဲတည် ထောင်သူဖြစ်ပြီး ယခင်က လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်နှင့် မဟာဗျူဟာမှူး တာဝန်များကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ၎င်းက Arm နှင့်ပတ်သက်ပြီး သုံးသပ်ထားရာတွင် လန်ဒန် သည် Arm အတွက် မှန်ကန်သောဈေးကွက်မဟုတ် ကြောင်းနှင့် မြောက်အမေရိကသို့ပါ ဈေးကွက်ချဲ့ ထွင်ရန် ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောဆိုထား သည်။
ဗြိတိန်နည်းပညာ စက်မှုလုပ်ငန်း၏ ကြယ် ပွင့်တစ်ဦးဖြစ်သော Arm Holdings က ကမ္ဘာ့လူဦး ရေ၏ ၇၀ ရာခိုင်နှုန်းသည် ကမ္ဘာ့စမတ်ဖုန်းအားလုံး နီးပါးကို ကိုင်တွယ်အသုံးပြုနေခြင်းနှင့်အတူ ချစ်ပ်များကို အားကိုးသည့် ထုတ်ကုန်များနှင့်လည်း ပတ်သက် ဆက်နွှယ်မှုရှိနေကြကြောင်း ပြောဆိုခဲ့ သည်။
Arm ကုမ္ပဏီကို ဂျပန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ကြီးဖြစ်သည့် Softbank က ပိုင်ဆိုင်ထားပြီး ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၃၂ ဘီလီယံတန် သဘော တူညီချက်ဖြင့် ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီကို လွှဲ ပြောင်းရယူခဲ့သည်။ Arm သည် Softbank လက် ထဲသို့ မရောက်ရှိမီက လန်ဒန်နှင့် နယူးယောက် ဈေးကွက်တို့တွင် ၁၈ နှစ်ကြာ ကျင်လည်ခဲ့သည်။ Softbank သည် ရှယ်ယာရောင်းချပြီး နောက်တွင် ကုမ္ပဏီ၏ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို ဆက်လက်ပိုင်ဆိုင်မည်ဖြစ်ပြီး ရှယ်ယာများကို ထပ်မံရောင်းချရန်လည်း ပြင်ဆင်နေကြောင်း သိရသည်။ Arm သည် ရှယ်ယာတစ်ခုလျှင် ၄၇ ဒေါ်လာမှ ၅၁ ဒေါ်လာကြားရှိမည့် ဈေးနှုန်းဖြင့် စာချုပ်တွင် ရှယ်ယာ ၉၅၅၀ဝ၀ဝ၀ ကို ရောင်းချနေ သည်ဟု ပြောကြားခဲ့သည်။ ယင်းက ၎င်း၏ ဈေး ကွက်တန်ဖိုးသည် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ဘီလီယံ ၅၀ နှင့် ၅၄ ဘီလီယံကြားရှိမည်ဖြစ်သည်။
Apple, Google နှင့် Nvidia အပါအဝင် ၎င်း၏ နာမည်ကြီးဖောက်သည်အချို့ကို ဒေါ်လာ ၇၃၅ သန်းဖိုးဝယ်ယူရန် ကတိပြုထားသည့် ရင်းနှီး မြှုပ်နှံသူများအဖြစ် တန်းစီထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကုမ္ပဏီရောင်းအား၏ ၂၅ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားပြီး မကြာသေးမီ လများအတွင်း စမတ်ဖုန်း တင်ပို့ရောင်းချမှု ကျ ဆင်းမှုကြောင့် ချစ်ပ်ပြားရောင်းချရမှုသည်လည်း ထိခိုက်ခဲ့ရကြောင်း သိရသည်။
Source BBC
စိုင်းဗညား