တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယန်ဇီမြစ် မြစ်ညာပိုင်းရှိ ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် မြစ်ကျဉ်းသုံးသွယ် ရေကာ တာတွင် သင်္ဘောဖြတ်သန်းသွားလာရန် အဆင့်ငါးဆင့်ရှိ ရေပြင်ညှိဆည်မှတစ်ဆင့် လစဉ် ကုန်စည်ဖြတ်သန်းမှုမှာ ပြီးခဲ့သည့် သြဂုတ်လက တန်ချိန် ၁၅ ဒသမ ၇၁ သန်းကျော်ဖြင့် စံချိန်တင်မြင့်မားခဲ့ကြောင်း China Three Gorges ကော် ပိုရေး ရှင်းအရ သိရသည်ဟု ဆင်ဟွာသတင်းတစ်ရပ်က ရေးသား ဖော်ပြထားသည်။
အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်းဖြစ်သည့် မြစ်ကျဉ်းသုံးသွယ်ရေကာတာသည် ကမ္ဘာ ပေါ်တွင် အကြီးမားဆုံး ရေကာတာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သော ယန်ဇီမြစ် သည် အရှေ့မှ အနောက်သို့ ကုန်းတွင်းပိုင်းမှ ဖြတ်သန်းစီးဆင်းသွားခြင်းဖြစ်ပြီး ၎င်းကို တရုတ်နိုင်ငံ၏ ရွှေရောင် သင်္ဘောလမ်းကြောင်းအဖြစ် သတ်မှတ်ကာ တင်စားခေါ် ဝေါ်နေကြသည်။
အဆိုပါ မြစ်ကျဉ်းသုံးသွယ် ရေကာတာမှတစ်ဆင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းက လုပ်ငန်းလည်ပတ်မှု ၉၆၅ ကြိမ် ရှိခဲ့ကြောင်းနှင့် ကုန်တင်သင်္ဘောဖြတ်သန်းမှုမှာ ၃၇၃၇ ကြိမ်ရှိခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ယင်းမြစ်ကျဉ်းသုံးသွယ် ရေကာတာသည် ဘက်စုံသုံး ရေလမ်းကြောင်း ထိန်းချုပ်စနစ်ဖြစ်ပြီး အရှည် ၂၃၀၉ မီတာ နှင့် အမြင့် ၁၈၅ မီတာရှိသည့် ဆည်တစ်ခု၊ မြောက်ဘက်မှ တောင်ဘက်သို့ သင်္ဘောဖြတ်သန်းသွားလာရန် အဆင့် ငါး ဆင့်ရှိသည့် ရေပြင်ညှိဆည်နှင့် လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၂၂ ဒသမ ၅ သန်းထုတ်လုပ်နိုင်စွမ်းရှိသည့် တာဘိုဂျင်နရေ တာ ၃၄ လုံး ပါဝင်သည်။
တရုတ်နိုင်ငံ၏ သင်္ဘောရေပြင်ညှိဆည်များကို ၂၀ဝ၃ ခုနှစ် ဇွန်လက စတင်စမ်းသပ်လည်ပတ်ရန် ဖွင့်လှစ်ခဲ့ပြီး ဖြတ် သန်းသွားလာသော ကုန်တင်သင်္ဘောပမာဏမှာလည်း တိုး တက်မှု မြန်ဆန်ခဲ့ကြောင်း သိရသည်။
Source; Xinhua
စိုင်းဗညား