Main menu

Background

အင်ဒိုနီးရှားက စီးပွားရေးကဏ္ဍတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းလို

Mon, 09/11/2023 - 14:43 -- journal_editor

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက စီးပွား ရေးကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့၌ စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည့်  အင်ဒို နီးရှား-မြန်မာ စားပွဲဝိုင်းဆွေးနွေးပွဲတွင် အင်ဒိုနီးရှား ကုန်သည်/စက်မှု အသင်း (KADIN) ဥက္ကဋ္ဌM.Arsjad Rasjid မှ ပြောကြားခဲ့သည်ဟု gnlm.com.mm က စက်တင်ဘာ ၇ ရက်တွင် ရေးသားဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံနှင့်  မြန်မာနိုင်ငံတို့အကြား စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အများအပြားပြုလုပ်ရန် မိမိတို့အနေဖြင့် မျှော်မှန်း ထားကြောင်း အင်ဒိုနီးရှား ကုန်သည်/စက်မှုအသင်း (KADIN)  ဥက္ကဋ္ဌ M.Arsjad Rasjid  က ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အင်ဒိုနီးရှား-မြန်မာ စားပွဲဝိုင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံစလုံးမှ စီးပွားရေး ဦးဆောင်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီချက်များလည်း ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းဆွေးနွေးပွဲတွင် အင်ဒိုနီးရှားနှင့် မြန်မာ နှစ်နိုင်ငံစလုံး၏ ခိုင်မာသော စီးပွားရေးဆက်ဆံမှုကို မြှင့်တင်နိုင်ရေးအတွက် ကတိကဝတ် များလည်း ပြုခဲ့ကြကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။ အင်ဒို နီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည်  စီးပွားရေးကဏ္ဍအသီးသီး၌ အလား အလာရှိသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ရန်၊ ရောင်းအားအကောင်းဆုံး ကုန်ပစ္စည်းများမှသည် အထည်ချုပ်လုပ်ငန်းနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအထိ ပူးပေါင်းဆောင်ရွက်ကြရန် နားလည်မှုစာချွန်လွှာတချို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟုဆိုသည်။
 Source; gnlm.com.mm

 

စိုင်းဗညား