တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လျှပ်စစ်ကားများ(EV)သည် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အပါအဝင် အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပြီး အပြန် အလှန် အကျိုးပြုမှုများရှိလာကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
မီနီ လျှပ်စစ်မော်တော်ကားများမှသည် လူများစွာဆံ့သည့် ဗင်ကားများအထိ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်း အစိမ်း ရောင်စွမ်းအင် ကူးပြောင်းရေး ပူးပေါင်းဆောင်ရွက်မှု၏ သာဓက လည်းဖြစ်သည်ဟုဆိုသည်။
အာဆီယံ ဒေသတွင်းနိုင်ငံများ၏ အစိုးရများသည် EV ရောင်းအားမြှင့်တင်ရန် အားပေးမှုများ ဖော်ထုတ်လျက်ရှိသကဲ့သို့ လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွဲဆောင်လျက်ရှိသည်။ တရုတ် နိုင်ငံသည် လျှပ်စစ်မော်တော်ကားထုတ်လုပ်မှုတွင် ကမ္ဘာ့ဦးဆောင် နိုင်ငံဖြစ်သည့်အားလျော်စွာ အရှေ့တောင်အာရှနိုင်ငံများ၏ သဘာဝအလျောက် ရွေးချယ်ပေးသည့် မိတ်ဖက်လည်း ဖြစ်လာ ခဲ့သည်။
တရုတ်နိုင်ငံ၏ ထိပ်တန်း မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သည့် SAIC Motor's MG၊ Great Wall Motor၊ BYD၊ Hozon၊ Changanနှင့် GAC Aion တို့သည် ဒေသတွင်းထုတ် လုပ်မှု အစီအစဉ်များဖြင့် ဒေသဆိုင်ရာ ဈေးကွက်အတွင်း ထိုး ဖောက်ဝင်ရောက်လာပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဆက် လက်ဖော်ပြထားသည်။
ပြည်တွင်း မော်တော်ကားထုတ်လုပ်ရေးစက်ရုံများ၌ ရင်းနှီး မြှုပ်နှံမှုများနှင့်အတူ ထိုင်းနိုင်ငံ အပါအဝင် အာဆီယံဈေးကွက် အတွင်း တရုတ် များ ဝင်ရောက်လာခြင်းသည် ထိုင်းနိုင်ငံ၏ နဠ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံမှ လျှပ်စစ်ကား သုံးစွဲသူများအတွက်လည်း ရွေးချယ်မှု အမြောက်အမြား ဆောင်ကြဉ်းပေးလျက်ရှိကြောင်း ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံ မဟာဌာနမှ ဌာနမှူးဟောင်း တစ်ဦး ဖြစ်သူ Seksin Srivatananukulkit က ပြောဆိုခဲ့သည်။
Source; Xinhua
စိုင်းဗညား
