တရုတ်ယွမ် တန်ဖိုးသည် ယခုရက်ပိုင်းအတွင်း စံချိန်တင် ကျဆင်း လာကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည့် ဆင်ဟွာသတင်း တစ်ရပ်အရ သိရသည်။
စက်တင်ဘာ ၂၁ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ် ၇ ဒသမ ၃၅၁ ယွမ်အထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ယင်းမှာ တစ်ပတ် အတွင်း ၁ ဒသမ ၁ရာခိုင်နှုန်း ကျဆင်းခြင်းဖြစ်ပြီး ယခုနှစ်ထဲ တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသည်။ တရုတ်နိုင်ငံသည် လတ်တလောကာလတွင် စီးပွားရေး ကျဆင်းလျက်ရှိနေပြီး နောက်ထပ်သုံးလအတွင်း ယွမ်တန်ဖိုး သည်လည်း ဆက်လက်ကျဆင်းနေဦးမည်ဟု ပြည်ပငွေကြေးပညာရှင်များ က သုံးသပ်ထားကြသည်။
တရုတ်နိုင်ငံ၏ ယွမ်ငွေတန်ဖိုးမှာ ၁၆ နှစ်တာကာလအတွင်း အနိမ့် ဆုံးသို့ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်း၏ ဖော်ပြထားချက် အရ သိရသည်။ ဘဏ္ဍာရေးဆိုင်ရာ ထိန်းကျောင်းသူများသည် ယွမ်ငွေ လဲလှယ်နှုန်းကို အခြေခံအားဖြင့် တည်ငြိမ်အောင် ထိန်းထားရန် စွမ်းရည်၊ ယုံကြည်မှုနှင့် အခြေအနေများရှိသည်ကို ယုံကြည်ထားကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။
ယွမ်ငွေသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမေရိကန် တစ်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရ သည်။ စက်တင်ဘာ ၁၈ ရက်က တရုတ်ယွမ်ငွေသည် အမေရိကန်ဒေါ်လာ နှင့် နှိုင်းယှဉ်ပါက ၁၆ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားပြီးနောက် အစိုးရပိုင်းမှ ငွေကြေးထိန်းညှိသူများက အရေးယူမည်ဟု ပြောဆိုခဲ့သည်။ ြညေု သ် ဗာနမငခေ ၏ စစ်တမ်းများအရ တရုတ်ယွမ်ငွေသည် လာမည့်သုံးလ အတွင်း ပိုမိုအားနည်းလာမည်ဟု ယုံကြည်ကြောင်း ဆက်လက် ဖော်ပြထား သည်။
Source; Xinhua
စိုင်းဗညား
