ရုရှားနိုင်ငံသည် ယခု စက်တင်ဘာလတွင် ပြည်ပနိုင်ငံ များသို့ လောင်စာဆီ တင်ပို့မှု လျှော့ချမည်ဟု ကြေညာထားပြီး တင်ပို့မှုကို တစ်ရက်လျှင် ရေနံစည်ပေါင်း သုံးသိန်း လျှော့ချ မည်ဟု မူလက ထုတ်ဖော်ပြောဆိုထားသော်လည်း ယခု အချိန်တွင် လောင်စာဆီ တင်ပို့မှုကို လုံးဝရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း themoscowtimes.com ၏ စက်တင်ဘာ ၂၂ ရက်တွင် ရေးသားဖော်ပြထားချက်အရ သိရသည်။
ရုရှားနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လောင်စာဆီ တင်ပို့နေမှုကို ယာယီပိတ်ပင်လိုက်ကြောင်း ရုရှားအစိုးရက ကြေညာလိုက်သည်ဟု သတင်းတွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။ သို့သော် ရုရှားနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းလိုက်သည့် နိုင်ငံများထဲတွင် ဘီလာရုစ်၊ ကာဇက်စတန်၊ အာမေးနီးယားနှင့် ကာဂျစ္စတန် နိုင်ငံတို့ မပါဝင်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ လောင်စာဆီ တင်ပို့ရောင်းချမှု ပိတ်လိုက်ခြင်းကြောင့် ပြည်တွင်း၌ လောင်စာဆီဈေးနှုန်းများ ကျဆင်းသွားမည်ဟု ယုံကြည်ထားကြောင်းကို အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက ပြောဆိုထားသည်။
ရုရှားနိုင်ငံသည် စက်တင်ဘာ ၁ ရက်မှ ၂၀ ရက်အထိ ပင်လယ်ရေကြောင်းမှ လောင်စာဆီ တင်ပို့မှုကို ၃၀ ရာခိုင် နှုန်း လျှော့ချခဲ့ပြီး မကြာမီ ရက်ပိုင်းအတွင်း၌ပင် ယခုကြေ ညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရုရှားနိုင်ငံသည် ပြီးခဲ့ ၂၀၂၂ ခုနှစ်က ဓာတ်ဆီ တန် ချိန် ၄ ဒသမ ၈၁၇ သန်းနှင့် ဒီဇယ်တန်ချိန် ၃၅သန်းနီးပါး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ သည် ယခုနှစ် မတ်လမှ နှစ်ကုန်ပိုင်းအထိ ၎င်းတို့၏ ရေနံ ထုတ်လုပ်မှုကို ၅၀ဝ၀ဝ၀ ဘစိ သို့မဟုတ် ရေနံထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းခန့်ကို လျှော့ချရန် ကတိပြုထားပြီးဖြစ်သည်။
ရုရှားနိုင်ငံသည် ဆော်ဒီအာရေဗျပြီးလျှင် ကမ္ဘာပေါ် တွင် ဒုတိယအကြီးမားဆုံး ရေနံတင်ပို့သည့်နိုင်ငံဖြစ်သည်။
Source; themoscowtimes.com
စိုင်းဗညား