Main menu

Background

မြန်နှုန်းမြင့်ရထားလမ်းက အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု

Tue, 10/10/2023 - 15:11 -- journal_editor

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား လမ်းသည် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို  များစွာ  အထောက်အကူပြုခြင်း ကြောင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို လျင် မြန်စွာ ဖြစ်ပေါ်စေကြောင်း  ခ့ငညေိငေူပ.ခသာ တွင် ရေးသားဖော်ပြထားသည်။
အဆိုပါ  ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းကို အင်ဒိုနီးရှားနိုင်ငံတွင်  ရှစ်နှစ်ကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး  ယခုအခါ တရားဝင် ပြေးဆွဲနေပြီဖြစ်သည်။  တရုတ်နိုင်ငံနှင့် အင်ဒိုနီး ရှားနိုင်ငံတို့  ပူးပေါင်းတည်ဆောက်သည့် ဂျကာ တာ-ဘန်ဒေါင်း   မြန်နှုန်းမြင့်  ရထားလမ်းသည် တရုတ်-အင်ဒိုနီးရှား   နှစ်နိုင်ငံ  လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်စီမံကိန်းဖြစ်သည်။
ဂျကာတာ-ဘန်ဒေါင်း  ရထားလမ်းသည် အရှေ့တောင်အာရှတွင် ပထမဦးဆုံးသော မြန် နှုန်းမြင့်ရထားလမ်းဖြစ်ပြီး တရုတ်-အင်ဒိုနီးရှားတို့ အထူးအလေးထားသည့်   ရပ်ဝန်းနှင့် ပိုးလမ်းမ အတူလက်တွဲ  တည်ဆောက်ရေး၏ အထင်ကရ စီမံကိန်းလည်းဖြစ်သည်။ 
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာနှင့် ဘန်ဒေါင်းမြို့အကြား  သွားလာမှုမှာ   ယခင်က သုံးနာရီကျော် ကြာမြင့်ခဲ့သော်လည်း ယခု မြန်နှုန်း မြင့်ရထား ပြေးဆွဲရာတွင် အချိန်များစွာ လျှော့ချ နိုင်ခဲ့ကြောင်း၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းတွင်  အသုံးပြုသည့်  နည်းပညာနှင့် အမြန်နှုန်းသည်  အင်ဒိုနီးရှား ပြည်သူများအတွက် အသစ်အဆန်း ဖြစ်နေကြောင်း၊ မြန်နှုန်းမြင့်ရထား လမ်း တရားဝင် စတင်ပြေးဆွဲခြင်းဖြင့် ဒေသတွင်း စီးပွားရေး  ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာမည်ဖြစ် သလို   အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးလာမည်ဖြစ်ကြောင်းနှင့်  လမ်းကြောင်းတစ် လျှောက် စီးပွားရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကို  အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက ပြောဆိုထားသည်။ 
တရုတ်နိုင်ငံသည် ၁၀နှစ်ဆက်တိုက် အင်ဒို နီးရှားနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် အမေရိကန် ဒေါ်လာ ၁၄၉ ဒသမ ၄ ဘီလီယံအထိပင်  ရှိခဲ့ ကြောင်း သိရသည်။
 Source; China Daily

စိုင်းဗညား