Main menu

Background

အီရတ်တွင် အမေရိကန်ဒေါ်လာငွေ အသုံးပြုမှု ရပ်ဆိုင်းမည်

Tue, 10/10/2023 - 15:13 -- journal_editor

အီရတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ အမေရိကန်ဒေါ်လာဖြင့် ငွေသားထုတ်ယူမှုနှင့် ငွေလွှဲမှုများကို ပိတ်ပင်သွားမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုများနှင့် အီရန်နိုင်ငံအပေါ် အမေရိကန်ပြည် ထောင်စု၏ အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲရန်နှင့် ၎င်း ၏  ငွေကြေးအရန်ငွေများကို အလွဲသုံးစားလုပ်ခြင်းကို ထိန်းချုပ်ရန်အတွက် နောက်ဆုံးတွန်းအားပေးသည့်အနေ ဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း အီရတ်ဗဟိုဘဏ်မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု အောက် တိုဘာ ၆ ရက်တွင် ရိုက်တာသတင်းတစ်ရပ်က  ရေးသား ဖော်ပြထားသည်။
New York Federal Reserve သည် နှစ်စဉ် အီရတ် နိုင်ငံမှ  တင်သွင်းလာသော ဒေါ်လာ ၁၀ ဘီလီယံ၏ ၅၀ ရာခိုင်နှုန်းကို တရားမဝင် အသုံးပြုမှုအား ဖယ်ရှားရန် ရည် ရွယ်ထားကြောင်း အီရတ်ဗဟိုဘဏ် CBI) မှ ရင်းနှီးမြှုပ်နှံ မှုနှင့်  ငွေလွှဲပို့မှုဆိုင်ရာ  ညွှန်ကြားရေးမှူးချုပ်Mazen Ahmed က   ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့သည်ဟု သိရသည်။
ယခု ၂၀၂၃ ခုနှစ်မကုန်မီ ဘဏ်များတွင် အမေ ရိကန်ဒေါ်လာငွေ အပ်နှံသူများသည် ၂၀၂၄ ခုနှစ်တွင် ယင်းဒေါ်လာငွေများကို ဆက်လက်ထုတ်ယူနိုင်မည်ဖြစ် သော်လည်း ၂၀၂၄  ခုနှစ်တွင် အပ်နှံသော အမေရိကန် ဒေါ်လာများကို တရားဝင်နှုန်းဖြစ်သည့် ပြည်တွင်းသုံး ငွေဖြင့်သာ ထုတ်ယူနိုင်မည်ဖြစ်သည်။
အီရတ်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တစ်ခုတွင် ငွေ သားဒေါ်လာငွေထုတ်ခြင်းကို တားမြစ်ခြင်းသည် နိုင်ငံခြား မှ ငွေလွှဲလက်ခံသည့် အကောင့်များနှင့်သာ သက်ဆိုင်သည် ဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

Source; Reuters
 

စိုင်းဗညား