Main menu

Background

စင်ကာပူတွင် ကားပိုင်ဆိုင်ခွင့်စရိတ် မြင့်တက်လာ

Tue, 10/10/2023 - 15:14 -- journal_editor

စင်ကာပူနိုင်ငံတွင်     မိသားစု ဇိမ်ခံကားကြီးတစ်စီး     ပိုင်ဆိုင်ရန် အတွက် ကုန်ကျစရိတ်သည် စင်ကာပူ ဒေါ်လာ ၁၄၆၀ဝ၂    (အမေရိကန် ဒေါ်လာ ၁၀၆၆၁၉၊ ပေါင် ၈၇၆၈၄)သို့  စံချိန်တင်   မြင့်တက်သွားခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်က အောက်တို ဘာ ၆ ရက်တွင်  ရေးသားဖော်ပြထား သည်။
လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံ ၌   ယာဉ်တစ်စီး ဝယ်ယူရန်အတွက် စရိတ်စက မြင့်တက်လျက်ရှိနေပြီး မော် တော်ကားဈေးနှုန်းများ    စံချိန်တင် မြင့်တက်နေခြင်းကြောင့် မိသာစုတစ်စု  အနေဖြင့် ကားသစ်တစ်စီး ဝယ်စီးရန် များစွာ ခက်ခဲလျက်ရှိနေကြောင်း သိရ သည်။
ပြည်သူများ   ပေးဆောင်နေရ သည့်  အခွန်နှင့် သွင်းကုန်ခွန်စနစ် ကြောင့် စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ် တွင်  မော်တော်ကားဝယ်ယူရန်  ဈေး အကြီးဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
ဥပမာအားဖြင့်  ွှသပသအေ ဃောမပ ံပဘမငိ မော်ဒယ်သစ်သည် စင်ကာပူ နိုင်ငံတွင် ဒေါ်လာ ၂၅၀ဝ၀ဝ ခန့် ကုန် ကျပြီး  ၎င်းသည်  အမေရိကန်ပြည် ထောင်စုထက်  ခြောက်ဆခန့် ဈေးပို ကြီးနေခြင်းဖြစ်သည်။
မော်တော်ကား  တစ်စီးအတွက် အနိမ့်ဆုံးဈေးသည် ဒေါ်လာ ၁၀၄၀ဝ၀ ခန့်  ကုန်ကျမည်ဖြစ်သည်။ စင်ကာပူ နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်ကတည်းက ပင် မော်တော်ကားဈေးနှုန်းများ သုံးဆ ခန့် မြင့်တက်ခဲ့ပြီး  ယခုတွင် ထိုထက် မက များစွာ ထပ်မံမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။                    

  Source; BBC

စိုင်းဗညား