Main menu

Background

ငါးလအတွင်း ခရီးသွား ၂ ဒသမ ၉ သန်း ဝင်ရောက်ရန် ထိုင်းနိုင်ငံ မျှော်လင့်ထား

Tue, 10/10/2023 - 15:16 -- journal_editor

ထိုင်းနိုင်ငံသည် ခရီးသွားရာသီအတွက် အထူးအစီအစဉ်တစ်ခု အနေဖြင့်  တရုတ်နိုင်ငံသားများအား စက်တင်ဘာ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ ငါးလတာ အထူးဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး အဆိုပါ ငါးလ တာအတွင်း ပြည်ပဧည့် ၂ ဒသမ ၉ သန်းအထိ ဝင်ရောက်မည်ကို မျှော်မှန်း ထားကြောင် Bloomberg  ၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများ အများအပြား ဝင်ရောက်လျက်ရှိရာ ထိုင်းခရီးသွားကဏ္ဍသည် ယခု ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာသန်း ၄၀ဝ၀ အထိ ရရှိရန် အလားအလာကောင်းလျက်ရှိနေသည်။ 
ငါးလတာ အားလပ်ရက် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်သစ်၏ ရလဒ် အနေဖြင့် ထိုင်းနိုင်ငံသည် ဆိုက်ရောက်သူ ၂ ဒသမ ၉ သန်းနှင့် ခရီးသွား လုပ်ငန်း  တိုးတက်မှုမှ ဒေါ်လာဘီလီယံပေါင်းများစွာကို ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ယင်းမှာ နိုင်ငံ၏စီးပွားရေး ပြန်လည်နာလန်ထူလာ မှုကို အားကောင်းစေရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သတင်း တွင် ဆက်လက်ဖော်ပြထားသည်။
စက်တင်ဘာ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ တရုတ်ခရီးသွား များကို ဗီဇာခေတ္တ ဆိုင်းငံ့ထားပြီးနောက် ပထမနှစ်ရက်အတွင်း တရုတ်ခရီး သွား ၂၂၀ဝ၀ ကျော် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း အစိုးရပြောရေးဆို ခွင့်ရှိသူ Chai Wacharonkeက ပြောကြားခဲ့သည်ဟုBloomberg က ဖော်ပြထားသည်။ ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၁၄၀ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ) ရရှိရန် မျှော် မှန်းထားကြောင်း  Chai Wacharonkeက ပြောသည်။
Source; Bloomberg
 

စိုင်းဗညား