လျှပ်စစ် မော်တော်ကားကုမ္ပဏီ တစ်ခုဖြစ်သည့်Tesla သည် ၎င်းတို့ထုတ် Model 3နှင့် Model Y မော်တော်ကားများ ကို အမေရိကန်ပြည်ထောင်စု ဈေးကွက်အတွင်း၌ ဈေးနှုန်း များကို လျှော့ချကာ ရောင်းချနေကြောင်းcaranddriver.com ၏ အောက်တိုဘာ ၂၀ ရက်သတင်းတွင် ရေးသားဖော်ပြထား သည်။
Tesla အနေဖြင့်Model 3 မျိုးဆက် မော်တော်ကားများ ကို ၂ ဒသမ ၆၅ ရာခိုင်နှုန်းနှင့်Model Y မျိုးဆက် မော်တော် ကားများကို ၄ ဒသမ ၂၃ ရာခိုင်နှုန်း အသီးသီးလျှော့ချပေးခဲ့ ခြင်းဖြစ်သည်။ Tesla သည် ထိုကဲ့သို့ ဈေးနှုန်းများ လျှော့ချရ ခြင်းမှာ အမေရိကန်ပြည်ထောင်စု၏ ကားဈေးကွက်အတွင်း၌ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းများကြောင့်ဟုTesla မှ တာဝန်ရှိသူတစ်ဦးက ပြောသည်ဟုcaranddriver.com တွင် ဆက်လက်ဖော်ပြထားသည်။
ဈေးကွက်အတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ နေပြီဖြစ်သည့် Tesla ထုတ် Model 3 မျိုးဆက်ကားများ ဖြစ်သည့် Model 3 long range ကို အမေရိကန်ကန်ဒေါ်လာ ၄၇၂၄၀ ဒေါ်လာမှ ၄၅၉၉၀ ဒေါ်လာသို့ လည်းကောင်း၊Model 3 performance ကို အမေရိကန်ဒေါ်လာ ၅၃၂၄၀ ဒေါ်လာမှ ၅၀၉၉၀ ဒေါ်လာသို့လည်းကောင်း အသီးသီး လျှော့ချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင်Teslaသည် Model Y long-range ၏ ဈေးနှုန်း ကို အမေရိကန်ဒေါ်လာ ၅၀၄၉၀ ဒေါ်လာမှ ၄၈၄၉၀ ဒေါ်လာသို့ လျှော့ချပေးခဲ့ပြီး Model Y performance မျိုး ကွဲကိုမူ အမေရိကန်ဒေါ်လာ ၅၄၄၉၀ ဒေါ်လာမှ ၅၂၄၉၀ ဒေါ်လာသို့ လျှော့ချပေးလိုက်ခြင်းဖြစ်သည်။
Tesla သည် ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်း ကလည်း Model S နှင့် Model Xတို့၏ ဈေးနှုန်းများကို တစ်ကြိမ် လျှော့ချပေးခဲ့ဖူးသည်။
Source; caranddriver.com
စိုင်းဗညား
