အကြိမ်(၄၀)မြောက် တရုတ်နိုင်ငံ၏ အန္တာ တိက သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေး အဖွဲ့သည် နိုဝင်ဘာ ၁ ရက်က စတင်ထွက်ခွာသွား ခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၂ ရက်တွင် ရေးသားဖော်ပြထားသည်။
ယခုစတင်လိုက်သည့် အကြိမ်(၄၀)မြောက် တရုတ်နိုင်ငံ အန္တာတိက သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးအဖွဲ့၏ မစ်ရှင်မှာ အချိန်ငါးလ ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အန္တာတိက သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်း လေ့လာရေးအဖွဲ့သည် ယခုအကြိမ် မစ်ရှင်ကို သင်္ဘောသုံးစင်းဖြင့် ဆောင်ရွက်သည့် ပထမဆုံး မစ်ရှင်လည်းဖြစ်ကြောင်း သိရသည်။
သုတေသန ရေခဲခွဲသင်္ဘောများဖြစ်သည့် နှင်းနဂါး(Xuelong)နှင့် နှင်းနဂါး-၂(Xuelong-2) ) တို့သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် ကျန်းကျားကန်းခရိုင်မှ စတင်ထွက်ခွာလာသောTian Huiကုန်တင်သင်္ဘောနှင့်အတူ ရှန်ဟိုင်းမြို့ တွင် ပေါင်းစုကာ ထွက်ခွာခဲ့ခြင်းဖြစ်သည်။
အန္တာတိက သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်း လေ့လာရေးအဖွဲ့တွင် လူဦးရေ ၄၆၀ ကျော် ပါဝင် ကြောင်းနှင့် ယင်းအဖွဲ့သည် အန္တာတိက ဂေဟ စနစ်အပေါ် ရာသီဥတုပြောင်းလဲမှု၏ သက် ရောက်မှုနှင့် ရာသီဥတုပြောင်းလဲမှုတွင် အန္တာ တိက၏ အခန်းကဏ္ဍကို စူးစမ်းလေ့လာသွားမည် ဖြစ်သည်။
ထို့ပြင် အဆိုပါအဖွဲ့သည် နောက်ဆုံးပေါ် သုတေသနစီမံကိန်းများနှင့် ပတ်သက်ပြီး နော်ဝေ နှင့် သြစတြေးလျ သိပ္ပံပညာရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အန္တာတိက သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်း လေ့လာရေးအဖွဲ့သည် စူးစမ်းလေ့လာမှုအတွင်း ရော့စ်ပင်လယ်ပြင် ကမ်းရိုးတန်း ဧရိယာတစ် လျှောက်၌ သိပ္ပံသုတေသနစခန်းသစ်တစ်ခု တည် ဆောက်သွားမည်ဖြစ်ပြီး ယင်းစခန်းမှာ အန္တာ တိကတိုက်တွင် ပဉ္စမမြောက် သုတေသနစခန်း ဖြစ်သည်။ ထို့ပြင် Changcheng နှင့် Zhongshan စခန်းများပြီးနောက် တတိယမြောက် ပုံသေစခန်း တစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။
အဆိုပါ သိပ္ပံသုတေသန စခန်းသစ်သည် အန္တာတိက၏ လေထုနှင့် ရေကြောင်းပတ်ဝန်းကျင်၊ ဇီဝဗေဒနှင့် ဂေဟဗေဒအခြေအနေများကို စောင့် ကြည့်လေ့လာမည်ဖြစ်ကြောင်း ဆင်ဟွာသတင်း ၏ ရေးသားဖော်ပြချက်အရ သိရသည်။
Source; Xinhua
စိုင်းဗညား
