အမေရိကန်ဗဟိုဘဏ်သည် မကြာသေးမီက စံချိန် တင်အဆင့်သို့ ရောက်ရှိလာခဲ့သည့် ကုန်ဈေးနှုန်း မြင့်တက် မှုကို တည်ငြိမ်စေရန် ကြိုးပမ်းနေစဉ် ၎င်းတို့၏ အဓိကအတိုး နှုန်းကို ၂၂နှစ်အတွင်း အမြင့်မားဆုံး အနေအထားတွင် ထိန်း ထားနိုင်ခဲ့ကြောင်း ဘီဘီစီ သတင်းတစ်ရပ်က နိုဝင်ဘာ ၃ ရက်တွင် ရေးသားဖော်ပြထားသည်။
အမေရိကန်ဗဟိုဘဏ်သည် စီးပွားရေး တည်ငြိမ်တိုး တက်စေရန်နှင့် ငွေကြေးဖောင်းပွမှု နှေးကွေးစေမည့် မျှော် လင့်ချက်ဖြင့် ချေးငွေကုန်ကျစရိတ်ကို မြှင့်တင်ပေးခဲ့ခြင်း ကြောင့် နိုင်ငံအတွင်း၌ ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ရ ခြင်းဖြစ်သည်။
မကြာသေးမီက ဖော်ပြခဲ့သည့် အချက်အလက်များအရ အမေရိကန်စီးပွားရေးသည် မျှော်လင့်ထားသည်ထက် ပိုမို မြန်ဆန်လာကြောင်း ဖော်ပြထားသည်။
အတိုးနှုန်းမြှင့်တင်ခြင်းသည် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဗဟိုဘဏ်များ အသုံးပြုနိုင် သည့် ယန္တရားတစ်ခုဖြစ်သည်။ သီအိုရီအရ အတိုးနှုန်းကို မြှင့်တင်ပြီး ချေးယူရန် ဈေးပိုပေးခြင်းဖြင့် စားသုံးသူများ သုံးစွဲမှုနည်းပါးလာပြီး ကုန်ဈေးနှုန်း နှေးကွေးသွားစေရန် ဦးတည်စေသည်ဟု သီအိုရီအရ သိရသည်။
ဘဏ်အတိုးနှုန်းများကို မြင့်မားသော အဆင့်တွင် ကိုင်ဆောင်ထားခြင်းကြောင့် အမေရိကန်စီးပွားရေး ဆုတ် ယုတ်မှုသို့ ဝင်ရောက်နိုင်သည့် အန္တရာယ်ရှိနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူတချို့က အကြံပြု ပြောဆိုထားကာ လက်ရှိတွင် ဘဏ်အနေဖြင့်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။
သို့သော် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ ခန့်မှန်းထား သည်ထက် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟုဆိုသည်။ အဆိုပါ ကိန်းဂဏန်းသည် ယခင်သုံးလကထက် ကြီးမားစွာ ခုန်တက်ခဲ့ပြီး တင်းကျပ်သော အလုပ်အကိုင်ဈေးကွက်နှင့် စားသုံးသူအသုံးစရိတ်များ တိုးလာခြင်းကြောင့် ဖြစ်သည်။
အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုန်းပါဝဲလ်က စီးပွား ရေးနှင့်ပတ်သက်သည့် လအနည်းငယ်ကြာ ကောင်းမွန်သော အချက်အလက်များသည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင် ရန် နည်းလမ်းအစဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အမေရိကန်ဗဟိုဘဏ်၏ ယခင်အတိုးနှုန်းထား မြင့် တက်မှုသည် လူမှုအသိုက်အဝန်းများနှင့် စီးပွားရေးလုပ်ငန်း များအပေါ် သက်ရောက်မှုရှိကြောင်း နားလည်သော်လည်း ဈေးနှုန်းမြင့်တက်မှုနှုန်းသည် ၎င်းရည်မှန်းထားသည်ထက် ကောင်းမွန်နေသေးကြောင်း ဂျရုန်းပါဝဲလ်က ပြောသည်။
ယူကရိန်းနိုင်ငံ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင် နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာနေကြောင်း၊ Fed သည် ၎င်း၏ စီးပွားရေးဂယက်ရိုက်ခတ်မှုအတွက် အစ္စရေး-ဂါဇာ အခြေအနေကို စောင့်ကြည့်နေပြီး တစ်ကမ္ဘာလုံး ကြုံတွေ့နေ ရသည့် အန္တရာယ်များကို ဂရုတစိုက် လုပ်ဆောင်နေကြောင်း ဂျရုန်းပါဝဲလ်က ဆက်လက်ပြောဆိုခဲ့သည်။
Source; BBC
စိုင်းဗညား
