Main menu

Background

Apple ရောင်းအား အနည်းငယ်ပြန်ကျ

Tue, 11/07/2023 - 13:45 -- journal_editor

ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်သည့် iPhone ရောင်းအားမှာ မြင့် တက်လာမှုများ ရှိနေသော်လည်းApple  ၏ရောင်အားမှာ အနည်းငယ် ပြန် လည်ကျဆင်းလာကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာ ၃၀ ရက်မှစ၍ သုံးလအတွင်း ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၅ ဘီလီယံ(ပေါင် ၇၃ ဒသမ ၃ဘီလီယံ)သို့ ကျဆင်းသွားကြောင်း၊ ယင်းမှာ ရာခိုင်နှုန်းအားဖြင့် ၁ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း Apple နည်း ပညာကုမ္ပဏီကြီးမှ ထုတ်ဖော်ပြောဆိုခဲ့သည်။
သို့သော် ကုမ္ပဏီသည် သုံးလတာကာလအတွင်း iPhone ရောင်းအား စံချိန်သစ်တင်ခြင်းဖြင့် အမြတ်ငွေ ဒေါ်လာ ၂၃ ဘီလီယံအထိ ရောက်ရှိခဲ့ ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
ထို့ပြင်  iCloud  နှင့် Apple Music ကဲ့သို့သော ဝန်ဆောင်မှုများမှ ရယူသည့် ပမာဏသည်လည်း မြင့်မားလာခဲ့ပြီး အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၃ ဘီလီယံရရှိခဲ့ကာ ယခင်နှစ်ကထက် ၁၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ သည်။ သို့သော် ၎င်း၏  iPhone 15 Pro နှင့် Pro Maxစက်ပစ္စည်းအသစ်များ ပေးပို့မှုတွင် အဟန့်အတားဖြစ်စေနိုင်သည့် အလားအလာရှိသော ထောက်ပံ့ ရေးကွင်းဆက်ပြဿနာများနှင့်  ပတ်သက်၍ စိုးရိမ်မှုများရှိနေကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ အခြေအနေများတွင်Apple ၏ အမှုဆောင်အရာရှိချုပ်  Tim Cook  က ၎င်းတို့အနေဖြင့် မိမိတို့ အမှတ်တံဆိပ်ကုန်ပစ္စည်းများကို ပိုမိုထုတ် လုပ်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။              

Source; BBC

စိုင်းဗညား