Main menu

Background

တရုတ်တွင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာ

Mon, 11/20/2023 - 14:41 -- journal_editor

တရုတ်နိုင်ငံတွင် မရွှေ့ပြောင်း နိုင်သည့်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် ယခု ၂၀၂၃ ခုနှစ် ပထမ ၁၀ လအတွင်း ယွမ် ၄၁ ဒသမ  ၉၄ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၅ ထရီလီယံခန့်) ရှိခဲ့ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် ဆင်ဟွာသတင်းတစ်ရပ် ၏ ရေးသားဖော်ပြထားချက်အရ  သိရ သည်။ အဆိုပါ  ပမာဏမှာ ယမန်နှစ် ၂၀၂၂ ခုနှစ် ကာလတူထက် ၆ ဒသမ ၂ ရာခိုင်နှုန်း   မြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း  တရုတ်နိုင်ငံ  အမျိုးသား စာရင်းအင်းဗျူရိုမှ နိုဝင်ဘာ ၁၅ ရက် က ထုတ်ပြန်ထားသည်ဟု ဆိုသည်။  သို့သော်    တရုတ်နိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍမှ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၂၁ ဒသမ ၅၉ ထရီလီယံခန့်ရှိကာ ယခင် နှစ်ကထက် သုည ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရသည်။ အခြေခံအဆောက်အအုံ တည် ဆောက်ရေး    ရင်းနှီးမြှုပ်နှံမှုတွင်မူ ယမန်နှစ်   အလားတူကာလထက် ၅ ဒသမ ၉ ရာခိုင်နှုန်း  တိုးတက်လာခဲ့ ကြောင်း၊ အထူးသဖြင့် ရထားလုပ်ငန်း သယ်ယူပို့ဆောင်ရေး၌ ရင်းနှီးမြှုပ်နှံမှု မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်း  ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်   ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း  နိုင်ငံခြား စီးပွားရေးလုပ်ငန်းများမှ မရွှေ့ပြောင်း နိုင်သည့်ပစ္စည်း   ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ် ကာလတူထက် သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ ပြည် တွင်း  စီးပွားရေးလုပ်ငန်းများ၏ တိုး တက်မှုမှာ ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ သည်။ 
အောက်တိုဘာလ တစ်လတည်း တွင်ပင် မရွှေ့ပြောင်းနိုင်သည့်  ရင်းနှီး မြှုပ်နှံမှုမှာ စက်တင်ဘာလနှင့် နှိုင်းယှဉ် ပါက သုည ဒသမ ၁ ရာခိုင်နှုန်း တိုး တက်လာခဲ့ကြောင်း စာရင်းအင်းဗျူရို၏ အချက်အလက်များ ဖော်ပြထားချက် အရ သိရသည်။ 
Source; Xinhua

စိုင်းဗညား