Main menu

Background

တရုတ်ခရီးသွား အများအပြား ဝင်ရောက်ရန် အီဂျစ် မျှော်မှန်းထား

Mon, 12/04/2023 - 13:40 -- journal_editor

အီဂျစ်နိုင်ငံသည်  တရုတ်ခရီး သွားလုပ်ငန်းဈေးကွက်၌ ပါဝင်မှု တိုးမြှင့်ရေး  ရည်မှန်းချက်ဗျူဟာ၏ တစ် စိတ်တစ်ပိုင်းအဖြစ်  ၂၀၂၈ ခုနှစ် မတိုင်မီ နှစ်စဉ် တရုတ်ခရီးသွားဧည့် သည် သုံးသန်းခန့် ဝင်ရောက်မည်ဟု မျှော်မှန်းထားကြောင်း အီဂျစ်နိုင်ငံ ခရီး သွားလာရေးနှင့်   ရှေးဟောင်းပစ္စည်း ဆိုင်ရာဝန်ကြီး    အာမက်အစ်ဆာက ပြောကြားခဲ့ကြောင်း  ဆင်ဟွာသတင်း တစ်ရပ်က ဒီဇင်ဘာ ၁ ရက်တွင် ရေး သား ဖော်ပြထားသည်။
လတ်တလောကာလတွင် အီဂျစ် နိုင်ငံသို့   သီတင်းပတ်တစ်ပတ်လျှင် တရုတ်ခရီးသွားဧည့်သည်   ၄၀ဝ၀ ကျော်၊ ၅၀ဝ၀  ခန့် ဝင်ရောက်လျက် ရှိကြောင်း သတင်းတွင်  ဆက်လက် ဖော်ပြထားသည်။ ယင်းမှာ ယခင်က ထက် ပိုမိုမြင့်တက်လာကြောင်းနှင့် မိမိ တို့အနေဖြင့်  တရုတ်ခရီးသွားများကို ယခုထက်ပိုပြီး    ဆွဲဆောင်နိုင်သေး ကြောင်း  အာမက်အစ်ဆာက  ပြော သည်။
သို့သော်အီဂျစ်နိုင်ငံတွင် တရုတ် ခရီးသွားဧည့်သည်များ တိုးမြှင့်လက်ခံ နိုင်ရေးအတွက် လေကြောင်းခရီးစဉ် များနှင့် ဟိုတယ်အခန်းများ ပိုမိုလိုအပ် လျက်ရှိနေသေးကြောင်း၊ မိမိတို့အနေ ဖြင့် တရုတ်နိုင်ငံမှ ဟိုတယ်လုပ်ငန်းရှင် များနှင့် ရင်းနှီးမြှုပ်နှံသူများကို အီဂျစ် နိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ထားကြောင်းနှင့်     တရုတ် ခရီးသွားလုပ်ငန်းများကလည်း အီဂျစ် နိုင်ငံ ခရီးစဉ်များကို စီစဉ်ပေးကြရန် ဖိတ်ခေါ်ထားပါကြောင်း ၎င်းက ဆက် လက်ပြောဆိုထားသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် နောက် ထပ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ရေးအတွက် ထပ်မံဆွေးနွေးရန် ၂၀၂၄ ခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်နိုင်မည်ဟု မျှော် လင့်ထားကြောင်း  အီဂျစ်နိုင်ငံ ခရီး သွားလာရေးနှင့် ရှေးဟောင်းပစ္စည်း ဆိုင်ရာဝန်ကြီး    အာမက်အစ်ဆာက ပြောခဲ့သည်။
ခရီးသွားလုပ်ငန်းသည် အီဂျစ် နိုင်ငံ၏   စီးပွားရေးလုပ်ငန်းများတွင် အဓိက  လုပ်ငန်းတစ်ခုဖြစ်ကြောင်းနှင့် ယင်းမှာ ပြည်တွင်းအသားတင် ကုန် ထုတ်လုပ်မှု  (GDP) ၏ ၁၂ ရာခိုင်နှုန်း ခန့်ရှိသည်ဟု ဆိုသည်။

Source; Xinhua

 

စိုင်းဗညား