Main menu

Background

VinFast Auto ကုမ္ပဏီ အီးဗွီကားဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံ

Mon, 12/04/2023 - 13:44 -- journal_editor

ဗီယက်နမ်နိုင်ငံတွင် အချမ်းသာ ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည့် ဘီလျံနာသူဌေးကြီး ဖန်နက်ဗွန်း (Pham Nhat Vuong))သည် လျှပ်စစ်မော်တော် ကား(EV)ကို လူတိုင်းစီးနိုင်ရေး မျှော် မှန်းချက်ဖြင့် လျှပ်စစ်မော်တော်ကား အများအပြား   တိုးတက်ထုတ်လုပ်နိုင် ရန်အတွက်  အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော်     ရင်းနှီးမြှုပ်နှံလိုက် ကြောင်းforbes.com ၏  ဖော်ပြချက် အရ သိရသည်။
ဘီလျံနာသူဌေးကြီး ဖန်နက်ဗွန်း ၏ လက်ရှိစွန့်စားမှုကားVinFast Auto ကုမ္ပဏီကို ကမ္ဘာလုံးဆိုင်ရာ မော်တော် ကားဈေးကွက်သို့ ဝင်ရောက်ရန် ခြေ လှမ်းတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့လျှပ်စစ်ကား EV) ဈေးကွက်တွင် အလားအလာ ကောင်းသည့်  အမှတ်တံဆိပ်ဖြစ်လာစေ ရန် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံကာ ကြိုးပမ်းလာခဲ့ ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်လည်း ဗီယက် နမ်နိုင်ငံအခြေစိုက်  VinFast Auto ကုမ္ပဏီထုတ်  မော်တော်ကားများမှာ ဈေးကွက်တွင်ကျယ်လာပြီး လူကြိုက် များမှု တိုးတက်လာကြောင်း သတင်း တွင် ဆက်လက်ဖော်ပြထားသည်။  ဖန် နက်ဗွန်း၏  စွန့်စားမှုမှာ  ခက်ခဲနိုင် သော်လည်း အောင်မြင်မှု  ရရှိမည်ကို ယုံကြည်ကြောင်း အသက်(၄၉)နှစ်သာ ရှိသေးသည့်VinFast Autoကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူLe Thi Thu Thuy က ပြောဆိုခဲ့သည်။
]]ကျွန်မတို့ရဲ့ မျှော်မှန်းချက်က  လူတိုင်းEVစီးနိုင်ဖို့ပဲ ဖြစ်ပါတယ်}}ဟု သူမက  ဆက်လက်ပြောဆိုခဲ့သည်။ VinFast တွင် ကြီးမားသော ရည်မှန်း ချက်ပန်းတိုင်များရှိနေရာ ခြောက်နှစ် တာကာလအတွင်း တစ်ကမ္ဘာလုံးတွင် EV အစီးရေ တစ်သန်း ရောင်းချနိုင်ရေး ကိုလည်း ကြိုးပမ်းနေကြောင်း၊ တက် စလာကုမ္ပဏီပင် ကားအစီးရေ  တစ် သန်း ရောင်းချနိုင်ရေးအတွက် ၁၇ နှစ် အချိန်ယူခဲ့ရကြောင်း၊   မိမိတို့သည် လည်း   မျှော်မှန်းထားသည့်အတိုင်း  ဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်နိုင် မည်ကို ယုံကြည်ကြောင်းLe Thi Thu Thuy က ပြောသည်။
VinFast Auto ကုမ္ပဏီသည် EV မော်ဒယ်များစွာ  ထုတ်လုပ်ရန် ကန် ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ် နှံပြီးနောက်တွင်   ဗီယက်နမ်နိုင်ငံ၌ အားသွင်း အခြေခံအဆောက်အအုံ များဆောက်လုပ်ခြင်း၊ အလိုအလျောက်  စနစ်သုံး စက်ရုံတစ်ခု တည်ထောင်ခြင်း များလည်း ပြုလုပ်ခဲ့သည်။
ထို့ပြင် VinFast Autoကုမ္ပဏီ အနေဖြင့် လာမည့် သုံးနှစ်တာကာလ အတွင်း   ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ  ထပ်မံရင်းနှီးမြှုပ်နှံကာ  အမေ ရိကန်ပြည်ထောင်စု၌ ၂၀၂၅ ခုနှစ်တွင် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ၂၀၂၆ ခုနှစ်တွင် လည်းကောင်းEV စက်ရုံများ တည် ထောင်လည်ပတ်သွားရန် စီစဉ်ထား ကြောင်း သိရသည်။
ယင်းတို့အနက်  အမေရိကန် ပြည်ထောင်စု  မြောက်ကာရိုလိုင်းနား ပြည်နယ်တွင် အကောင်အထည်ဖော် နေသည့် စက်ရုံမှာ ပထမအဆင့် ဆောက် လုပ်လျက်ရှိနေပြီဖြစ်သည်။ VinFast Autoကုမ္ပဏီ၏ တစ်နှစ်တာ ထုတ်လုပ် နိုင်စွမ်းမှာ အစီးရေ သုံးသိန်းဖြစ်ပြီး ၂၀၂၆ ခုနှစ်သို့ရောက်လျှင်  အစီးရေ  ၅၅၀ဝ၀ဝ အထိ ထုတ်လုပ်သွားနိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

Source; forbes.com

စိုင်းဗညား