Main menu

Background

ကမ္ဘာ့ဈေးအကြီးဆုံးမြို့တွင် ထိပ်ဆုံးသို့ စင်ကာပူ ရောက်ရှိလာ

Mon, 12/04/2023 - 13:46 -- journal_editor

စင်ကာပူတွင် ကုန်ဈေးနှုန်းများ လွန်ခဲ့သည့် တစ်နှစ်အတွင်း ၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် ယင်းကုန်ဈေးနှုန်း မြင့် တက်လာမှုအား ကုန်ပစ္စည်းအမယ်ပေါင်း ၂၀ဝ ကျော်၏ ဈေးနှုန်းများ အပေါ် ထည့်သွင်းတွက်ချက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စင်ကာပူသည် လွန်ခဲ့သည့် ၁၁ နှစ်အတွင်း ကိုးကြိမ်မြောက်အဖြစ် ကမ္ဘာ့ဈေးအကြီးဆုံးမြို့တွင် ချန်ပီယံဖြစ်လာခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမြို့အဖြစ် ဆွစ်ဇာ လန်နိုင်ငံ ဇူးရစ်မြို့နှင့် တန်းတူရပ်တည်နေခြင်းဖြစ်သည်။ Economist Intelligence Unit(EIU)၏ လူနေမှုစရိတ်စက စစ်တမ်းမှ တွေ့ရှိချက်များ ကိုအခြေခံ၍ လွန်ခဲ့သည့်နှစ်တွင် စင်ကာပူသည် အမေရိကန်ပြည်ထောင် စုမှ နယူးယောက်မြို့ကို ကျော်တက်သွားခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်အတွက်  ကမ္ဘာ့ဈေးအကြီးဆုံးမြို့များအဖြစ် (၁)စင်ကာပူ (စင်ကာပူနိုင်ငံ)၊ (၂)ဇူးရစ်မြို့ (ဆွစ်ဇာလန်နိုင်ငံ)၊ (၃)ဂျီနီဗာ (ဆွစ်ဇာလန်နိုင်ငံ)၊ (၄)နယူးယောက်(အမေရိကန်ပြည်ထောင်စု)၊ (၅)ဟောင်ကောင်(တရုတ်)၊ (၆)လော့စ်အိန်ဂျလိစ်(အမေရိကန်ပြည်ထောင်စု)၊ (၇)ပါရီ(ပြင်သစ်)၊ (၈)ကိုပင်ဟေဂင်(ဒိန်းမတ်နိုင်ငံ)၊ (၉)တဲလ်အဗစ် (အစ္စရေးနိုင်ငံ)နှင့် (၁၀) ဆန်ဖရန်ဆစ္စကို (အမေရိကန်ပြည်ထောင်စု)တို့က အစဉ်လိုက် ရပ်တည်နေကြသည်။

 

စိုင်းဗညား