Main menu

Background

တရုတ်နှင့် ဗီယက်နမ်တို့ ကုန်သွယ်မှု တိုးချဲ့မည်

Wed, 12/20/2023 - 13:41 -- journal_editor

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့သည် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးချဲ့ သွားရေးအတွက် သဘောတူညီမှုတစ် ရပ်ရရှိကာ နှစ်နိုင်ငံမှ တာဝန်ရှိသူများ က   လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့သည် သာတူညီမျှ ရေရှည်တည်တံ့ သည့်  နှစ်နိုင်ငံကုန်သွယ်မှုကို တိုးချဲ့ ရေးအတွက် အပြုသဘောဆောင်ရွက် မှုများကိုပြုလုပ်ရန် ဒီဇင်ဘာ ၁၃ ရက် က သဘောတူခဲ့ကြခြင်းဖြစ်သည်။ 
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့သည် ဒေသဆိုင်ရာ အလုံးစုံ စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု ( Regional Comprehensive Economic Partnership-RCEP) နှင့် တရုတ်-အာဆီယံ လွတ်လပ်သော     ကုန်သွယ်မှုဇုန်၏ အခန်းကဏ္ဍ၌ အပြည့်အဝ ပါဝင်ရေး၊ နှစ်နိုင်ငံ ထုတ်ကုန်များ အပြန်အလှန် တင်ပို့မှု  တိုးချဲ့နိုင်ရန် တရုတ် နိုင်ငံ တကာသွင်းကုန်ပြပွဲ၊တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ တရုတ် ပို့ကုန်သွင်းကုန် ပြပွဲများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု  မြှင့်တင်ရေးအတွက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တရုတ်နှင့် ဗီယက်နမ် တို့ ပူးပေါင်းကာ ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ခဲ့ကြောင်း သိရသည်။  
တရုတ်နိုင်ငံသည်   လတ်ဆတ် သော အုန်းသီးများ၊ အေးခဲ သစ်သီး ထုတ်ကုန်များ၊ လိမ္မော်သီး၊ ထောပတ် သီးနှင့် အခြားလတ်ဆတ်သစ်သီးများ၊ ဆေးဖက်ဝင်  အပင်များနှင့် အသား ထုတ်ကုန်များ အပါအဝင် ဗီယက်နမ် နိုင်ငံ၏  စိုက်ပျိုးရေး ထုတ်ကုန်များ အတွက် ထုတ်လုပ်ရေးလုပ်ငန်းစဉ်၌ တကြွ်ကစွာ ပါဝင်သွားမည်ဖြစ်ကြောင်း နှင့်  ဗီယက်နမ်နိုင်ငံဘက်ကလည်း တရုတ် စတာဂျင်ငါးကြီးများ တင်သွင်း မှုကိုလည်း   ပိုမိုတိုးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။

Source; Xinhua

စိုင်းဗညား