ထိုင်းနိုင်ငံအစိုးရသည် Soft Power မှ အလုပ်အကိုင်ပေါင်း များစွာကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ဗန်ကောက်ပို့စ် သတင်းတွင် ရေးသားဖော်ပြထားသည်။
ထိုင်းနိုင်ငံအနေဖြင့် တိုင်းပြည်၏ Soft Powerမြှင့်တင်ရေး မူဝါဒနှင့်အတူ နိုင်ငံသားများအတွက် အလုပ်အကိုင်အသစ်ပေါင်း သန်း ၂၀ ခန့် ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါ အလုပ်အကိုင်များမှသည် ဝင်ငွေ ထိုင်းဘတ် ၄ ထရီလီယံအထိ ရရှိရန် မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြော ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
Soft Power သည် ထိုင်းလူမျိုးများအတွက် ဝင်ငွေ ပိုမိုရှာဖွေနိုင် ရေးနှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အရေးပါ သည့် ယန္တရားတစ်ခုဖြစ်လာနိုင်ရန် ရည်မှန်းထားကြောင်း၊ Soft Power သည် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုကြွယ်ဝခြင်းကို တုပပြီး ဉဏဂုဏ်သတ္တိ များအဖြစ် ပြောင်းလဲခြင်းမှသည် နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေးတွင် အထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ Soft Power ကြောင့် ထိုင်းနိုင်ငံသည် ဒေသတွင်း၌ ဝင်ငွေမြင့်မားသည့်နိုင်ငံ ဖြစ်လာ မည်ဟုဆိုသည်။
One Family One Soft Power ပေါ်လစီတွင် ခရီးသွားလုပ်ငန်း၊ အားကစား၊ အစားအသောက်လုပ်ငန်း၊ ရုပ်ရှင်နှင့် ဂီတ၊ အနုပညာ၊ ဖက်ရှင်၊ ဂိမ်းနှင့် ဒီဇိုင်းဆွဲခြင်းများ ပါဝင်ပြီး စီးပွားရေးကဏ္ဍ ၁၁ ခုကို လွှမ်းခြုံထားသည်။ ထိုင်းနိုင်ငံအစိုးရအနေဖြင့် စက်မှုလုပ်ငန်းများမှ တစ်ဆင့် နိုင်ငံ၏ Soft Power ကို မြှင့်တင်ရန် အထူးအာရုံစိုက်နေကြောင်း ထိုင်းနိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Source; Bangkok Post
စိုင်းဗညား
