Main menu

Background

Sport Crossover လျှပ်စစ်ကား ၂၀၂၅ တွင် ဈေးကွက်သို့ ရောက်ရှိမည်

Wed, 12/20/2023 - 13:48 -- journal_editor

ဂျပန်နိုင်ငံမှ နာမည်ကြီး တိုယိုတာနှင့် တရုတ်နိုင်ငံမှ ထိပ်သီး လျှပ်စစ်ကား (EV) ကုမ္ပဏီကြီးဖြစ်သည့်BYD  တို့ ဖက်စပ်ထုတ်လုပ်နေသည့်Sport Crossover လျှပ်စစ်ကားမှာ လာမည့် ၂၀၂၅ ခုနှစ်တွင် မော်တော်ကားဈေးကွက်သို့ ရောက် ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။ 
တိုယိုတာကBYD င့် ဖက်စပ်ထုတ်လုပ်မည့် Sport Crossover  လျှပ်စစ်ကား ဒီဇိုင်းပိုင်းကို ဒီဇင်ဘာ ၁၁ ရက်က ဥရောပတွင် ပထမဆုံးအကြိမ် ချပြခဲ့သည်ဟု သိရသည်။
အဆိုပါSport Crossover လျှပ်စစ်ကားမှာ မြန်နှုန်းမြင့် လျှပ်စစ်ကား အမျိုးအစားဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ဈေးကွက်သို့ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းတွင် ရေးသားဖော်ပြ ထားသည်။ သို့သော် တိုယိုတာအနေဖြင့်  ယခုထုတ်လုပ်မည့်Sport Crossover  လျှပ်စစ်ကား၏ ဒီဇိုင်းပိုင်းကို တရုတ်နိုင်ငံတွင် ယခုနှစ် ဧပြီလက  ကျင်းပခဲ့သည့် Auto Shanghai ကားပြပွဲ ကတည်းကပင်  ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။  ထူးခြားသော Fastback ဒီဇိုင်းပိုင်းကို ပထမဆုံး ဝယ်ယူသူများအတွက် ဆွဲ ဆောင်နိုင်မည့်ကမ်းလှမ်းမှုများ ရှိလာမည်ဖြစ်ကြောင်း တိုယိုတာ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။
Sport Crossover  လျှပ်စစ်ကားတွင် တံခါးငါးပေါက်ပါပြီး နောက်ခန်းမှာ ကုန်တင်ရန် ကျယ်ကျယ်ဝန်းဝန်းရှိမည်ဟု ဆို သည်။  ယခုထုတ်လုပ်မည့်Sport Crossover  လျှပ်စစ်ကားကို တိုယိုတာနှင့်  BYDတို့ ပူးပေါင်းထားသည့် ဖက်စပ်ကုမ္ပဏီဖြစ် သည့်BYD Toyota EV Technology Co.,LTD(BTET) မှ ထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါ ကုမ္ပဏီနှစ်ခုသည် ၂၀၂၀ ပြည့် နှစ် မေလကပင် ပူးပေါင်းမှုရှိခဲ့ခြင်းဖြစ်သည်။
bZ3 အမည်ရှိ လျှပ်စစ်ကားကို တရုတ်နိုင်ငံတွင် တိုယိုတာ နှင့်BYDတို့ပူးပေါင်းကာ ပထမဦးဆုံး ထုတ်လုပ်ခဲ့ဖူးသည်။Sport Crossover သည် ၂၀၂၅ ခုနှစ်တွင် ဈေးကွက်သို့ စတင် ရောက်ရှိမည်ဖြစ်သော်လည်း ၂၀၂၆ ခုနှစ်ရောက်မှသာ ဥရောပ ၌ ဖြန့်ချိနိုင်မည်ဟုသိရသည်။ ၂၀၂၆ ခုနှစ်တွင် ဥရောပဈေး ကွက်သို့ ဖြန့်ချိမည့် လျှပ်စစ်ကား မော်ဒယ်သစ်ငါးခုတွင်Sport Crossover သည်လည်း  တစ်ခုအပါအဝင် ဖြစ်လာမည်ဖြစ် ကြောင်း တိုယိုတာက အတည်ပြုပြောဆိုထားသည်။ တိုယိုတာအနေဖြင့် ၂၀၂၆ ခုနှစ် အရောက်တွင် ဥရောပ၌ ရောင်းချမည့် ကားများ၏ ၂၀ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများ ဖြစ်လာမည်ဖြစ်ပြီး နှစ်စဉ် အစီးရေ ၂၅၀ဝ၀ဝ ကျော် ဖြန့်ချိ တင်သွင်းနိုင်မည်ဟုလည်း ဆိုသည်။

Source; global.toyota

စိုင်းဗညား