Main menu

Background

ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားဈေးကွက်ကို ရှစ်နှစ်ဆက်တိုက် တရုတ်ဦးဆောင်

Mon, 01/01/2024 - 14:00 -- journal_editor

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လျှပ်စစ် ကားဈေးကွက်ကို  ရှစ်နှစ်ဆက်တိုက် ဦးဆောင် နိုင်သူ ဖြစ်လာခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ် က ဒီဇင်ဘာ ၂၉ ရက်တွင် ရေးသားဖော်ပြထား သည်။
ယခုနှစ် အစောပိုင်းကပင် တရုတ်နိုင်ငံ၏ လမ်းများထက်တွင် လျှပ်စစ်ကား အရေအတွက် သိသိသာသာ တိုးပွားလာနေပြီး လျှပ်စစ်စွမ်းအင် သစ် သုံးစွဲသည့် မော်တော်ကားဈေးကွက်မှာလည်း ကမ္ဘာ့အကြီးဆုံးအဖြစ် ရှစ်နှစ်ဆက်တိုက် ဦးဆောင် နိုင်ခဲ့ခြင်းဖြစ်သည်။ 
ရှေးယခင်က  တရုတ်နိုင်ငံသည် နိုင်ငံခြား ကားအမှတ်တံဆိပ်များနှင့် ထုတ်လုပ်ရေး နည်း ပညာများကို မှီခိုအားထားခဲ့ရာမှ ယခုအချိန်တွင်မူ ပြည်တွင်း၌ လျှပ်စစ်မော်တော်ကား ရောင်းချရမှု ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ပြည်တွင်းထုတ် အမှတ် တံဆိပ်များအဖြစ် ရပ်တည်နေပြီလည်းဖြစ်သည်။
တရုတ်နိုင်ငံတွင်း၌ လူကြိုက်များ ကျော် ကြားလာသည့် ပြည်တွင်းထုတ်   ကားများထဲမှ စမတ်ပရီမီယံ မော်ဒယ်များနှင့် ဘက်ထရီလဲ လှယ်မှု ဖြေရှင်းချက် ကောင်းမွန်မှုများကြောင့် လူသိများလာသည့် နီအို(NIO) တို့လည်း ပါဝင် သည်။ လက်ရှိအချိန်တွင် ြှုဥ သည် ရိုဘော့ စက်ရုပ်များဖြင့် ဆန်းသစ်ပြီး စွမ်းဆောင်ရည်မြင့် မားသည့် လျှပ်စစ်မော်တော်ကားများကို ထုတ် လုပ်နေပြီ ဖြစ်သည်။ 
ြှုဥ ကား ကိုယ်ထည်ရုံတွင် စက်ရုပ်ပေါင်း ၇၀ဝ ကျော်က ၎င်းတို့၏ အလုပ်များကို စနစ်တကျ လုပ်ဆောင်နေသည်။ ထို့ပြင် ကားတံခါး လေး ပေါက်ကိုလည်း စက်ရုပ်များက တပ်ဆင်ပေးပြီး ကွာဟချက်က သုည ဒသမ ဝ၅ မီလီမီတာသာ ရှိကြောင်း သိရသည်။ 
ထို့ပြင် ကားအစိတ်အပိုင်းများနှင့် ကား ကိုယ်ထည်များကို သတ်မှတ်နေရာသို့ ပို့ဆောင် ရာတွင်လည်း လူဝန်ထမ်းမပါဘဲ အလိုအလျောက် စနစ်သာ အသုံးပြုနေခြင်းဖြစ်သည်။  တရုတ် နိုင်ငံတွင်   NIO ကားတစ်စီးကို ဝယ်ယူရန် မှာယူ မည်ဆိုပါက  ရက်ပေါင်း ၂၁ ရက်သာ ကြာမြင့် ကြောင်း သိရသည်။
လျှပ်စစ်မော်တော်ကား တင်ပို့မှု တိုးတက် လာခြင်းကြောင့် တရုတ်နိုင်ငံ၏ စုစုပေါင်း မော် တော်ကားတင်ပို့မှုမှာ ၂၀၂၃ ခုနှစ်အတွင်း၌ ဂျပန် နိုင်ငံကို ကျော်တက်ပြီး ကမ္ဘာ့နံပါတ်တစ် ဖြစ်လာ သည်။                                      

 Source; Xinhua