Main menu

Background

၂၀၂၃ တွင် ဗန်ကောက်သို့ ပြည်ပခရီးသွား အများဆုံးဝင်ရောက်

Mon, 01/01/2024 - 14:01 -- journal_editor

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ရောဂါ လျော့ပါးလာပြီး နိုင်ငံတိုင်းက စီးပွား ရေး ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းကြရာတွင် ကုန်သွယ်မှုကဏ္ဍအပြင် ခရီးသွားကဏ္ဍကိုလည်း ဦးစားပေး အကောင်းအထည်ဖော်လျက်  ရှိကြ သည်။
နိုင်ငံတိုင်းက ခရီးကဏ္ဍကို ဦးစားပေး ဖော်ဆောင်နေရာတွင် ၂၀၂၃ ခုနှစ်၌ ထိုင်းနိုင်ငံက ခရီးသွားဝင်ရောက်မှု အများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ ကြောင်း စစ်တမ်းတစ်ရပ်အရ သိရသည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ကျော်လွန်ပြီး ခရီးသွား ဝင်ရောက်မှု အများဆုံးမြို့ အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် နှစ်သစ်ကူး အားလပ်ရက်များ၌ ခရီး သွားဝင်ရောက်မှု လွန်စွာများပြားခဲ့ပြီး လေဆိပ်တွင်သာမကဘဲ ဘတ်စ်ကား ဂိတ်များတွင်ပါ ခရီးသွားများ စည်ကားလျက်ရှိနေကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၏ ခရီးသွား ဝင်ရောက်မှုကို ကြည့်မည်ဆိုလျှင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့က ခရီးသွားဝင်ရောက်မှု ၂၂ ဒသမ ၇၈ သန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။ ၎င်း၏နောက်တွင် ပဲရစ်မြို့(ပြင်သစ်နိုင်ငံ)က ၁၉ ဒသမ ၁၀ သန်းဖြင့် ဒုတိယ၊ လန်ဒန်မြို့(အင်္ဂလန်နိုင်ငံ)က ၁၉ ဒသမ ဝ၉သန်းဖြင့် တတိယ၊ ဒူဘိုင်း(အာရပ်စော်ဘွားများပြည်ထောင်စု)က ၁၅ ဒသမ ၉၃သန်း ဖြင့် စတုတ္ထ၊ စင်ကာပူ(စင်ကာပူနိုင်ငံ)က ၁၄ ဒသမ ၆၇ သန်းဖြင့် ပဉ္စမ စသည်ဖြင့် အသီးသီး ရပ်တည်နိုင်ခဲ့ကြသည်။
အဆိုပါမြို့များ၏ နောက်တွင် ကွာလာလမ်ပူ(မလေးရှားနိုင်ငံ) နယူး ယောက်(အမေရိကန်ပြည်ထောင်စု)၊  အစ္စတန်ဘူလ်(တူကီယေးနိုင်ငံ)၊ တိုကျို(ဂျပန်နိုင်ငံ)၊ အန်တယ်ယာ(တူကီယေးနိုင်ငံ)၊ ဆိုးလ်(တောင်ကိုရီး ယားနိုင်ငံ)နှင့် အိုဆာကာ(ဂျပန်နိုင်ငံ)တို့က အစဉ်လိုက် ရပ်တည်ခဲ့ကြသည်။
Source; Reuters

စိုင်းဗညား