Main menu

Background

၂၀၂၃ ခုနှစ်၏ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ် ၁၀ ခု

Mon, 01/01/2024 - 14:06 -- journal_editor

၂၀၂၃ ခုနှစ်၏ ကမ္ဘာ့တန်ဖိုး အကြီးမားဆုံး အမှတ်တံဆိပ်များတွင် Amazon က   တန်ဖိုး  အမေရိကန် ဒေါ်လာ ၂၉၉ ဒသမ ၃ ဘီလီယံဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်းvis- ualcapitalist.com  ၏ ဖော်ပြချက်အရ သိရသည်။
အင်္ဂလန်နိုင်ငံ   လန်ဒန်မြို့ရှိ အရောင်းမြှင့်တင်ရေး အကြံပေးဌာန တစ်ခုဖြစ်သည့်Brand Finance သည် နိုင်ငံပေါင်း ၃၈ နိုင်ငံရှိ ကုမ္ပဏီပေါင်း ၅၀ဝ၀ကို   စစ်တမ်းကောက်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်အတွက် တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ် ၁၀ဝ ကို ထုတ်ဖော်မှတ် တမ်းတင်ခဲ့ခြင်းဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် အမှတ်တံဆိပ်တစ်ခု၏  တန်ဖိုးသည် အမှတ်တံဆိပ်နှင့် ချိတ်ဆက်ထားသော ကုမ္ပဏီ ဝင်ငွေခွဲဝေမှုကို ကိုယ်စားပြု သည်။Brand Finance က ဖော်ပြထား သည့် ၂၀၂၃ ခုနှစ်အတွက်   တန်ဖိုး အကြီးဆုံး အမှတ်တံဆိပ် ၁၀ဝ ထဲမှ ထိပ်ဆုံးကုမ္ပဏီ ၁၀ခုမှာ (၁) Amazon (တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ ၃ ဘီလီယံ)၊ Apple  (တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၇ ဒသမ ၅ ဘီလီယံ)၊  Google  (တန်ဖိုး အမေရိကန် ဒေါ်လာ ၂၈၁ ဒသမ ၄ ဘီလီယံ)၊ Microsoft    (တန်ဖိုး အမေရိကန် ဒေါ်လာ ၁၉၁ ဒသမ ၆ ဘီလီယံ) Walmart   (တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၈ ဘီလီယံ)၊ Samsung Group(တန်ဖိုး အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၇ ဘီလီယံ)၊  ICBC (တန်ဖိုး အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၅ ဘီလီယံ)၊Verizon (တန်ဖိုး အမေ ရိကန်ဒေါ်လာ ၆၇ ဒသမ ၄ ဘီလီယံ)၊Tesla (တန်ဖိုး အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၂ ဘီလီယံ)၊ TikTok/ Douyin (တန်ဖိုး    အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၇ ဘီလီယံ)တို့ပင်ဖြစ်သည်။
Amazon သည် ၎င်း၏ အမှတ် တံဆိပ် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ ၃ ဘီလီယံဖြင့် ကမ္ဘာ တစ်ဝန်းတွင် နံပါတ်တစ်နေရာ၌ ရှိနေ ခြင်းဖြစ်သည်။ Amazonသည် အွန်လိုင်း လက်လီရောင်းချမှုတွင်  ဈေးကွက် ဦးဆောင်သူ တစ်ဦးအနေဖြင့် အကြီးမား ဆုံးသော ဝင်ငွေဝေစုကို ထုတ်ပေးနိုင် သည့် ကုမ္ပဏီအဖြစ်  ရပ်တည်လျက် ရှိနေသည်။
Appleurl  တန်ဖိုး အမေရိကန် ဒေါ်လာ ၂၉၇ ဒသမ ၅ ဘီလီယံ)ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ ထောက်ပံ့မှုကွင်းဆက် ပြတ်တောက်မှု၊ လုပ်သားဈေးကွက် ကန့်သတ်ချက်များ နှင့် နှေးကွေးသော ခန့်မှန်းရငွေများ သည် ၎င်းတို့၏ ကုန်အမှတ်တံဆိပ်များ အပေါ် သက်ရောက်မှုရှိသောကြောင့် နည်းပညာ ကုမ္ပဏီကြီးနှစ်ခုစလုံးသည် ပြီးခဲ့သည့်နှစ်ကထက် တန်ဖိုး အနည်း ငယ် ကျဆင်းသွားကြောင်း သိရသည်။ 

Source; visualcapitalist.com

စိုင်းဗညား