Main menu

Background

ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

Mon, 01/15/2024 - 14:28 -- journal_editor

ယခု ၂၀၂၄ ခုနှစ်တွင်   ကမ္ဘာ့ စီးပွားရေးမှာ ယမန်နှစ်ကအတိုင်းပင် တိုးတက်မှု   နှေးကွေးနေဦးမည်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တစ်ရပ်က ဖော်ပြထားသည်ဟု ဘီဘီစီ သတင်းတစ်ရပ်က ဇန်နဝါရီ ၁၁ ရက် တွင် ရေးသားဖော်ပြထားသည်။
ကမ္ဘာ့စီးပွားရေးမှာ ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး ကျဆင်းခဲ့သော်လည်း ၂၀၂၂ ခုနှစ်အရောက် ပြန်လည် နာလန်ထူ လာခဲ့သည်။ သို့သော် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ အရှိန် အဟုန်ဖြင့် လျင်မြန်စွာ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာခြင်းမရှိသေးဘဲ နှေးကွေး နေခဲ့ရသည်။ 
ဗဟိုဘဏ်များ၏    တင်းကျပ် သော  ငွေကြေးမူဝါဒများ ဆက်တိုက် ချမှတ်နေခြင်းကြောင့် ယခု ၂၀၂၄ခုနှစ် အတွင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှုမှာ ဆက်လက်နှေးကွေးနေဦးမည်ဟု ကမ္ဘာ့ ဘဏ်က  ခန့်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ကမ္ဘာ့စီးပွားရေး တိုးတက်မှုမှာ ၂ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု မှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြ ထားခြင်းဖြစ်သည်ဟု    သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ရုရှားနှင့်   ယူကရိန်း  စစ်ရေး ပဋိပက္ခနှင့်  အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စွမ်းအင်ဈေးနှုန်း များ မတည်မငြိမ် ဖြစ်ခြင်းများနှင့်အတူ စီးပွားရေးတိုးတက်မှုကိုလည်း ပိုမိုနှေး ကွေးလာစေခဲ့ကြောင်း  ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဗဟိုဘဏ်များ၏  မြင့်မားသော အတိုးနှုန်းများသည် စီးပွားရေးလုပ်ငန်း များအပေါ် အတားအဆီးဖြစ်မှုကြောင့် အမေရိကန်ပြည်ထောင်စု၏   စီးပွား ရေးသည်လည်း  ယမန်နှစ်ကထက် သုည ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်း ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ် ထားသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည်လည်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ    နှေးကွေးဖွယ်ရှိ ကြောင်း  ဖော်ပြထားသည်။ အလားတူ ဂျပန်နိုင်ငံ၏   စီးပွားရေးသည်လည်း သုည ဒသမ ၉ ရာခိုင်နှုန်းသာ တိုးတက် နိုင်ဖွယ်ရှိသည်ဟု  ကမ္ဘာ့ဘဏ်၏ အစီရင် ခံစာတွင်  ဆက်လက်ဖော်ပြထားသည်။ 
အိမ်ခြံမြေဈေးကွက်   နှေးကွေး ခြင်းနှင့် အခြားသော အကြောင်းရင်း များကြောင့်လည်း စီးပွားရေးတိုးတက်မှု ကို နှေးကွေးမည်ဟုဆိုသည်။  အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆင်းရဲ သည့် နိုင်ငံများသည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေဦးမည်ပြီး တင်ရှိနေသည့် ြွေကးမြီ ဝန်ထုပ်ဝန်ပိုး များကြောင့် နစ်နာနေရသည်။
 Source; un.or

စိုင်းဗညား