Main menu

Background

တရုတ်-အာဆီယံ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဆက်လက်အားကောင်းနေ

Mon, 01/15/2024 - 14:30 -- journal_editor

တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ များအကြားတွင်     စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု  ဆက်လက်အား ကောင်းနေကြောင်း တရုတ်နိုင်ငံအစိုးရ ၏   ထုတ်ပြန်ချက်ကို  ကိုးကားပြီး ဆင်ဟွာသတင်းဌာနက    ရေးသား ဖော်ပြထားသည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး ကျွမ့်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖိန်ရှန်းနယ်စပ်မြို့ရှိ    ချစ်ကြည်ရေး နယ်စပ်ဂိတ်ဟု လူသိများသော ့သကပင ဏျေ နယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံနှင့်  ဗီယက်နမ်နိုင်ငံတို့မှ ကုန်တင်ယာဉ် များသည် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အစပိုင်းတွင် ကူးသန်းရောင်းဝယ်ရေး အတွက်    အလုပ်ရှုပ်နေကြကြောင်း ဆင်ဟွာသတင်းတစ်ရပ်က ဇန်နဝါရီ ၁၂ ရက်တွင် ရေးသားဖော်ပြထားသည်။
အရှေ့တောင်အာရှ  နိုင်ငံများ အသင်း (ဗှနဗြ) နိုင်ငံများမှ ထွက်ရှိ သည့် ဒူးရင်းသီးများနှင့် မင်းကွတ်သီး များကဲ့သို့ စိုက်ပျိုးရေးထုတ်ကုန် တင်ပို့ မှုများသည်  ့သကပင ဏျေ နယ်စပ်ဂိတ်မှ တစ်ဆင့်    တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်နေခြင်းဖြစ်သည်။ 
အလားတူ    တရုတ်နိုင်ငံမှ အီလက်ထရွန်နစ်  ပစ္စည်းများ၊ စက် ယန္တရားများနှင့်   လူ့အသုံးအဆောင် ပစ္စည်းများသည်လည်း အဆိုပါလမ်း ကြောင်းမှတစ်ဆင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများသို့ တင်သွင်းလျက်ရှိနေသည်။ 
ဒေသတွင်း  ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက် ဆံရေး (ျွဃနဏ)၏ သဘောတူညီချက် သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်က အသက်ဝင်လာခဲ့ခြင်းဖြင့် တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများအကြား စက်မှု လုပ်ငန်း  ပူးပေါင်းဆောင်ရွက်မှုသည် လည်း လွန်ခဲ့သည့် နှစ်နှစ်တာကာလ အတွင်း ဆက်လက် အားကောင်းလာခဲ့ ကာ ဒေသတွင်းစီးပွားရေး  ဖွံ့ဖြိုးတိုး တက်မှုကို များစွာ အထောက်အကူပြု လျက်ရှိကြောင်း သိရသည်။ 
ျွဃနဏသည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်ဖြစ်ပြီး ယင်း ျွဃနဏတွင် အာဆီယံ နိုင်ငံများအပြင် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံ တို့လည်း ပါဝင်နေသည်။ 
ယင်း ျွဃနဏ အဖွဲ့ဝင်နိုင်ငံများ၏ စုစုပေါင်း လူဦးရေ၊ ပြည်တွင်းအသား တင် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု သည် ကမ္ဘာ့စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ အထွေထွေ အကောက်ခွန်ဦးစီးဌာန၏ အစီရင်ခံစာအရ အာဆီယံသည် ပြီးခဲ့ သည့် ၂၀၂၃ ခုနှစ်က  တရုတ်နိုင်ငံ၏ အကြီးမားဆုံး   ကုန်သွယ်ဖက်နိုင်ငံ အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း နှင့် စုစုပေါင်း ကုန်သွယ်မှုသည် ယွမ် ၅ ဒသမ ၈ ထရီလီယံ   (အမေရိကန် ဒေါ်လာ ၈၁၆ ဒသမ ၉ ဘီလီယံခန့်) အထိ   ရောက်ရှိခဲ့ကြောင်း၊    ယင်းမှာ ၂၀၂၂ ခုနှစ်   ကာလတူထက်   သုည ဒသမ ၁ ရာခိုင်နှုန်း   မြင့်တက်လာခဲ့ ကြောင်း သိရသည်။ 
ထို့ပြင်  တရုတ်နိုင်ငံ ကွမ်ရှီး ပြည်နယ်သည်    ပြည်နယ်မြို့တော် နန်နင်းနှင့် ကျုံးကော်မြို့ အပါအဝင် မြို့ ခုနစ်မြို့၌  ရှိပြီးသား ဖွံ့ဖြိုးတိုးတက် မှုဇုန်များ၊ လွတ်လပ်သော ကုန်သွယ်မှု ဇုန်များနှင့် စက်မှုဥယျာဉ်များအပေါ် အခြေခံ၍  တရုတ်-အာဆီယံ စက်မှု လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဇုန် တည်ဆောက်ရေးအတွက် ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း ဆင်ဟွာ သတင်းတွင်  ဆက်လက်ဖော်ပြထား သည်။ 
 Source; Xinhua
 

စိုင်းဗညား