Main menu

Background

အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ တောင်တရုတ်ပင်လယ်ဖွံ့ ဖြိုးတိုးတက်ရေး ဆွေးနွေး

Mon, 01/15/2024 - 14:35 -- journal_editor

ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်ဖက်ခေါင်းဆောင်များသည် တောင်တရုတ်ပင်လယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ဒေသ တွင်း ကိစ္စရပ်များကိုလည်း ဇန်နဝါရီ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်၏ ရေးသားဖော်ပြထားချက်အရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ဇန်နဝါရီ ၁၀ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် တွေ့ဆုံခဲ့ပြီး   တောင်တရုတ်ပင်လယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရှေ့တောင်အာရှနိုင်ငံ များအသင်း အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် မိမိတို့သည် တောင်တရုတ်ပင်လယ် ဖွံ့ဖြိုးတိုးတက်မှုများနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ဒေသ တွင်း အကျိုးစီးပွားအတွက် အသီးအပွင့်ရအောင် စိတ်ရင်းကိုယ်စီနှင့် ဆွေးနွေးခဲ့ ကြကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတ  ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့်  နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ ခိုင်မာစေရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြကြောင်း အဆိုပါ ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှာနိုင်ငံသမ္မတ ဂျိုကိ ဝီဒိုဒိုက ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ဘက်ဆိုင်ရာ ဟာ့ဒ်(အမာထည်)များ အပါအဝင် ကာကွယ်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် နှစ်နိုင်ငံ  ပူးတွဲကာ နယ်ခြားကင်းလှည့်ရေးနှင့် နယ်စပ်ဖြတ်ကျော် သဘောတူညီချက်များကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန် မိမိတို့ ှစ်နိုင်ငံ သဘောတူညီခဲ့ကြကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက ဆက်လက်ပြောကြားခဲ့သည်။                    

 Source; Xinhua

စိုင်းဗညား