Main menu

Background

လျှပ်စစ်ကားလောကကို BYD က ဆက်လက်ဦးဆောင်နေ

Mon, 02/05/2024 - 12:33 -- journal_editor

၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက် ဆုံးပတ် စစ်တမ်းများအရ လျှပ်စစ်ကား လောကတွင် တရုတ်နိုင်ငံထုတ်BYD  လျှပ်စစ်ကားများက  EV ကားဈေး ကွက်ကို ဆက်လက်လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ကြောင်း carnewschina၏ ထုတ် ပြန်ချက်ကို ကိုးကားပြီး ဃြ သတင်း ဌာနက   ဖေဖော်ဝါရီ ၂ ရက်တွင် ရေးသားဖော်ပြထားသည်။
carnewschina က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ရက်မှ ၂၈ရက်အတွင်း ဖြစ်ပေါ်ခဲ့သည့် EV  ကားဈေးကွက်၏ အခြေအနေကို စစ်တမ်းကောက်ယူပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။Tesla ကမူ BYD၏ နောက်မှ ဒုတိယ နေရာတွင်သာ ရပ်တည်လျက်  ရှိနေ ကြောင်း သိရသည်။
တရုတ်   နှစ်သစ်ကူးကာလ မတိုင်မီတွင်BYD လျှပ်စစ်ကားများ၏ ရောင်းအားမှာ သိသိသာသာ တိုးတက် ခဲ့ကြောင်းနှင့် နှစ်သစ်ကူးကာလ လွန် မြောက်ချိန်တွင် အရောင်းအဝယ်များ ပြန်လည် ရပ်ဆိုင်းသွားဖွယ်ရှိကြောင်း သိရသည်။
လျှပ်စစ်ကားနှင့်  ပတ်သက်ပြီး အပတ်စဉ် အချက်အလက်များကိုLi Autoသ  က ထုတ်ပြန်ခဲ့ပြီး တစ်လလုံး အတိုင်းအတာဖြင့်    ဆိုပါကလည်းBYDကသာ ထိပ်ဆုံးမှ ရပ်တည်နေ ခြင်းဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၈ ရက်အတွင်းBYDသည် တရုတ်နိုင်ငံ၌  လျှပ်စစ်ကား အစီးရေ ၁၆၈၅၀ဝ အထိ     မှတ်ပုံတင်နိုင်ခဲ့ ကြောင်း သိရသည်။
နောက်ဆက်တွဲ ထွက်ပေါ်လာ သည့် သတင်းများအရ Tesla Model Y    ၏ မျိုးကွဲသစ်ကို လာမည့် ဧပြီလတွင် ရှန်ဟိုင်းစက်ရုံမှ စတင်ထုတ်လုပ်တော့ မည်ဖြစ်ကြောင်း သတင်းများ ထွက် ပေါ်လျက်ရှိနေသည်။   လက်ရှိအချိန် တွင် တရုတ်နိုင်ငံ၏ EV ကားဈေးကွက် ၌ BYDထုတ် လျှပ်စစ်ကားများအပြင် တရုတ်နိုင်ငံထုတ် မဟုတ်သည့် Tesla နှင့်  Volkswagen တို့သည်လည်း ရောင်းအား မြင့်တက်လျက်ရှိကြောင်း သိရသည်။
Source; CNN

 

စိုင်းဗညား